၂၀၁၅ နိုဝင်ဘာ ၂၄
နေပြည်တော်၊ နိုဝင်ဘာ ၂၄
နေပြည်တော်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ ၀မ်ဆော့၊ ၀မ်ထန်ကျေးရွာနှင့်
ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ ၉၂ ဦးသည် လားရှိုးမြို့ရှိ
သီရိမင်္ဂလာမန်ဆူကျောင်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ ယနေ့မွန်းလွဲပိုင်း တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက
တိုက်ပွဲရှောင်ပြည်သူများ၏ နေထိုင်စားသောက်နေမှု အခြေအနေများကို
လိုက်လံကြည့်ရှု၍ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး
အားပေးစကား ပြောကြားသည်။ ယင်းနောက် ဆန်၊ ဆီ၊ ရေသန့်ဘူး စသည့်
စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှလည်း
လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Credit >>> တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment