၂၀၁၅ အောက်တိုဘာ ၂၇
SSPP/ SSA အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့်
ဒေသခံပြည်သူများ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း၊ မိုင်းရှူးမြို့ပေါ်တွင်
ဗုံးပေါက်ကွဲပြီးကတည်းက မြို့ခံများလည်း ထိတ်လန့်နေကြပြီး နယ်မြေမအေးချမ်းမှာကို စိုးရိမ်နေရကြောင်း၊
မိုင်းရှူးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာသော ရွာသူ၊ ရွာသားများ ထောင်ချီရှိနေပြီ
ဖြစ်ကြောင်းနှင့် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်စေချင်ကြော င်း မိုင်းရှူးမြို့ခံ
တစ်ဦးမှ ပြောပါသည်။
စိုင်းသီဟ
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်ရှူးမြို့နယ်၊
ဝမ်ဆော့ကျေးရွာအုပ်စု၊ ဟွေမုံကျေးရွာသို့ အောက်တိုဘာလ ၂၅ ရက်နေ့ တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့
ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအဓမ္မကောက်ခံ သွားကြောင်း ဒေသခံရွာသားတစ်ဦးထံမှ
သိရပါသည်။
“ ကျွန်တော်တို့ရွာသားတွေလည်း သူတို့အဖွဲ့ကို အတော်ကြောက်နေကြတယ်၊
အရင်က ဆက်ကြေးကောက်၊ လူသစ်စုတာ တစ်အိမ်ထောင် ၅၀၀၀ ကျပ်နဲ့ လူသစ် တစ်ရွာကို ၅ ယောက်နှုန်း
လောက်သာ စုဆောင်းတာ၊ အခု သူတို့အဖွဲ့ အင်အားလိုနေတော့ သူတို့နဲ့ နီးတဲ့ရွာသားတွေကိုပဲ
ဖမ်းဆီး ခေါ်ဆောင်နေတယ်၊ သူတို့အဖွဲ့ လိုအပ်တာတွေမလုပ်ချင်ဘဲ လုပ်ပေးနေရတယ်၊ သူတို့အဖွဲ့နဲ့
နီးတဲ့ရွာတွေကို ဒုက္ခပေးလွန်းလို့ ရွာသားတွေက အတော်လေးမကျေမနပ်ဖြစ်နေ တယ်” ဟု ၀မ်ဆော့ရွာသားတစ်ဦးမှ
ပြောပါသည်။
“ ကျွန်တော်တို့ရွာသားတွေလည်း
“ SSPP/SSA အဖွဲ့က ကျွန်တော်တို့ရွာကို မနက် ၇ နာရီလောက် ရောက်လာပြီး
ကျေးရွာဥက္ကဋ္ဌကို ခေါ်ပြီး သူတို့အဖွဲ့အတွက် မနက်စာပြင်ဆင်ပေးဖို့၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေ
သယ်ဆောင်ဖို့ လူ ၁၀ယောက် တောင်းတယ်၊ ငွေလည်း ၁၅၀၀၀၀ ပေးလိုက်ရတယ်” ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ပြော ကြားပါသည်။
SSPP/
Credit >>> Shan News
No comments:
Post a Comment