၂၀၁၅ အောက်တိုဘာ ၂၆
“သူတို့အဖွဲ့က ရွာထဲကို ၀င်လာပြီး အစိုးရတပ်နဲ့ပြည်သူ့စစ်အဖွဲ့ တွေ ဘယ်မှာလဲလို့မေးတယ်။ အစိုးရတပ်တွေ လာရင် သူတို့ကို အကြောင်းကြားဖို့ ပြောတယ်။ ကျွန်တော်တို့ရွာက RCSS/ SSA အဖွဲ့ရဲ့ လက်အောက်မှာ ရှိတယ်တဲ့။ လုပ်ငန်းလုပ်ကိုင်တာနဲ့ပတ်သက်ပြီး
သူတို့နဲ့ သက်ဆိုင်တယ်တဲ့။ ဒါကြောင့် ဆက်ကြေးပေးသွင်းရ မယ်ဆိုပြီး သူတို့က
ပြောတယ်။ ပြီးတော့လည်း ဒီရွာမှာ သူတို့စစ်မဖြစ်ချင်ဘူးလို့
ခြိမ်းခြောက်သွားတယ်၊ ” ဟု ခိုအွတ်ရွာသား တစ်ဦးမှ ပြောကြားခဲ့သည်။
RCSS/ SSA
အဖွဲ့သည် ဒေသခံရွာသားများအပြင် ထိုဒေသဖွံ့ဖြိုးမှုအတွက်
လာရောက်လုပ်ကိုင်နေသော လုပ်ငန်းရှင်များကိုလည်း ဆက်ကြေးကောက်ခံမှုများ
ရှိနေကြောင်း ၊ လက်အောက်ခံ အဖွဲ့များအနေဖြင့် ကျေးရွာ များအား ဆက်ကြေးငွေ
အတင်းအကြပ်ကောက်ခံနေမှုများသည် ရပ်တန့်သွားခြင်း မရှိကြောင်း မိုးနဲမြို့
နယ်ရှိ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသွားသည်။
စိုင်းခမ်း(မူဆယ်)
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စုရှိ
ကျေးရွာများသို့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် RCSS/SSA အဖွဲ့မှ
ရောက်ရှိလာပြီး ဒေသခံရွာသားများထံ ဆက်ကြေးငွေများ အတင်းအကြပ်
ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။
ခိုအွတ်ကျေးရွာအုပ်စုရှိ ရေပူစမ်းသို့ နေလယ်ပိုင်းတွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး အစိုးရ တပ်နှင့် ပြည်သူ့စစ်အဖွဲ့၏ အခြေအနေများကို စုံစမ်းမှုများ ပြုလုပ်ပြီး ခိုအွတ်ကျေးရွာသို့ ၀င်ရောက်ကာ ဆက်ကြေးများ ကောက်ခံသွားကြောင်း၊ ၎င်းကျေးရွာသည် RCSS/SSA အဖွဲ့မှ နှစ်စဉ်နှစ်တိုင်း ဆက်ကြေးများ လာရောက် ကောက်ခံလျက်ရှိပြီး သတ်မှတ်ထားသော ဆက်ကြေးများ မပေးသွင်းနိုင်ပါက အသက်အန္တရာယ်များ စိုးရိမ် ရကြောင်း ခိုလမ်မြို့ခံတစ်ဦးမှ အတည်ပြု ပြောကြားသည်။

“သူတို့အဖွဲ့က ရွာထဲကို ၀င်လာပြီး အစိုးရတပ်နဲ့ပြည်သူ့စစ်အဖွဲ
RCSS/
Credit >>> Shan News
No comments:
Post a Comment