၂၀၁၅ အောက်တိုဘာ ၂၂
“KIA တောင်းတဲ့ ဆက်ကြေးငွေလည်းပေးနေရတယ်၊ ဒေသအတွက်လုံခြုံရေးကျတော့ဘာမှ အာမခံချက် မရှိဘူး၊ လူသစ်ကျတော့လည်း အတင်းအဓမ္မဖမ်းဆီးတယ်၊ ကျွန်တော်တို့အနေနဲ့ မပေးနိုင်တော့ဘူး” ဟု တောပင်လုံကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ယခုကဲ့သို့ KIA အဖွဲ့မှ ရှမ်းတိုင်းရင်းသားကျေးရွာများမှ ရိက္ခာများ အတင်းအကြပ် ကောက်ခံနေမှုအပေါ် ရှမ်းမျိုး နွယ်စုရေးရာ အဖွဲ့မှတစ်ဆင့် KIA ဗဟိုဌာနချုပ်သို့ ကန့်ကွက်စာများ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောကြားပါသည်။
ဆိုင်းနောင်(ဖားကန့်)
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်းတန်းကျေးရွာသို့ အောက်တိုဘာလ ၁၉
ရက်နေ့တွင် KIA အဖွဲ့ ရောက်ရှိ လာပြီး ကျေးရွာများမှ ဆန်နှင့်
ဆားများကောက်ခံထားကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရ သည်။
“ကျေးရွာတာဝန်ရှိသူတွေကိုခေါ်ပြီးတော့ ဒီလအတွက်ဆိုပြီး ရိက္ခာတောင်းတယ်၊
ရွာတစ်ရွာကို အချိုးကျနှုန်း ဆန် ၅၀ အိတ်၊ ဆား ၂၀ ပိဿာ ပေးရမယ်ပြောတယ်။
မပေးရင် ရွာသားတွေကို လူသစ်အဖြစ် ဖမ်းဆီးခေါ် ဆောင်သွားမယ်လို့ပြောတယ်”ဟု
ရွာသားတစ်ဦးကပြောသည်။
“KIA တောင်းတဲ့ ဆက်ကြေးငွေလည်းပေးနေရတယ်၊ ဒေသအတွက်လုံခြုံရေးကျတော့ဘာမှ အာမခံချက် မရှိဘူး၊ လူသစ်ကျတော့လည်း အတင်းအဓမ္မဖမ်းဆီးတယ်၊ ကျွန်တော်တို့အနေနဲ့ မပေးနိုင်တော့ဘူး” ဟု တောပင်လုံကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ယခုကဲ့သို့ KIA အဖွဲ့မှ ရှမ်းတိုင်းရင်းသားကျေးရွာများမှ ရိက္ခာများ အတင်းအကြပ် ကောက်ခံနေမှုအပေါ် ရှမ်းမျိုး နွယ်စုရေးရာ အဖွဲ့မှတစ်ဆင့် KIA ဗဟိုဌာနချုပ်သို့ ကန့်ကွက်စာများ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောကြားပါသည်။
Credit >>> Kachin Daily News
No comments:
Post a Comment