၂၀၁၅ အောက်တိုဘာ ၁၃
ဇက်ဂျာဆိုင်း
Credit >>> Shan News
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာသို့ အောက်တိုဘာလ ၁၁ ရက်နေ့တွင်
TNLAအဖွဲ့တစ်ဖွဲ့
ရောက်ရှိလာပြီး
မန့်မော်ကျေးရွာနှင့်
ပန်ဂျုံကျေးရွာတို့မှ
အုပ်ချုပ်ရေးမှူးများအားခေါ် ယူ၍
အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“အစည်းအဝေးခေါ်တယ်ဆိုလို့ လာတက်တာ၊ ထုံစံအတိုင်းပဲပေါ့ သူတို့လူအင်အားလိုတဲ့အတွက် တစ်ရွာကို လူသစ် ၂၀ ယောက် စုဆောင်းပေးဖို့ အတင်းအကြပ်ခိုင်းတာ” ဟု အစည်းအဝေး တက်ရောက် ခဲ့သည့် ကျေးရွာ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။
“အစည်းအဝေးခေါ်တယ်ဆိုလို့ လာတက်တာ၊ ထုံစံအတိုင်းပဲပေါ့ သူတို့လူအင်အားလိုတဲ့အတွက် တစ်ရွာကို လူသစ် ၂၀ ယောက် စုဆောင်းပေးဖို့ အတင်းအကြပ်ခိုင်းတာ” ဟု အစည်းအဝေး တက်ရောက် ခဲ့သည့် ကျေးရွာ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။
TNLA အဖွဲ့၏ အတင်းအကြပ်စေခိုင်းမှုကြောင့်  ကျေးရွာအုပ်ချုပ်ရေးမှူးများမှ
လူသစ်ရရှိရန်
စည်းရုံးဆောင် ရွက်
ခဲ့သော်လည်း ကျေးရွာသူ၊ ရွာသားများမှ TNLA အဖွဲ့အတွင်းသို့ ဝင်ရောက်လိုခြင်းမရှိ၍ မဲ စနစ်ဖြင့် ရွေးချယ်လျက်ရှိကြောင်း ပန်ဂျုံရွာသားတစ်ဦးမှ ပြောသည်။
“ရွာထဲကလူငယ်တွေလည်း မဝင်ချင်တော့ဘူး၊ သူတို့တွေက လူအင်အားလည်းသိပ်မရှိတော့ ရွာတွေကို အတင်းအကြပ် လူသစ်စုနေတာ၊ တစ်ရွာကိုအယောက် ၂၀ ဆိုတော့
ဘယ်သူကဝင်ချင်မှာလဲ၊
မဲစနစ် ဆိုတော့
ပေါက်လည်းသွားမှာမဟုတ်ဘူး”ဟု ၎င်းရွာသားမှ ဆက်လက်ပြောကြားသည်။
TNLA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာများမှ လူသစ်များအတင်းအကြပ်စုဆောင်းနေခြင်းကြောင့် ဒေသခံ တိုင်းရင်းသားများမှာလည်း TNLA အဖွဲ့အတွင်းသို့ ဝင်ရောက်လိုခြင်းမရှိသဖြင့် တခြားမြို့များသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။
Credit >>> Shan News
No comments:
Post a Comment