Tuesday, October 20, 2015

NMSP အဖွဲ့မှ ကမာဝက်မြို့ခံ တစ်ဦးအား လက်နက်ဖြင့် ခြိမ်းခြောက်ဖမ်းဆီးမှုဖြစ်ပွား

၂၀၁၅ အောက်တိုဘာ ၂၀
 


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရပ်ကွက်(၃)တွင် အောက်တိုဘာ ၁၂ ရက်နေ့တွင် NMSP အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ကမာဝက်မြို့သားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများ၏ ပြောပြ ချက် အရ သိရပါသည်။

“NMSP အဖွဲ့ဟာ ကျွန်တော်တို့ရပ်ကွက်ထဲကို ကားတစ်စီးနဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ည ၈ နာရီလောက် ရောက်ရှိလာပြီး ဦးတင်ထွန်းကို လက်သီးနဲ့ထိုးတယ်၊ ကြိုးတွေနဲ့တုတ်ပြီး ကားပေါ်ကို အတင်းဆွဲတင်ပြီး ဖမ်းဆီး သွားတယ်” ဟု ရပ်ကွက်(၃)နေ မြို့ခံတစ်ဦးမှ ပြောပြပါသည်။

“NMSP အဖွဲ့က ဦးတင်ထွန်းကို ဖမ်းသွားတာက အငြိုးအတေးနဲ့ဖမ်းဆီးတာဖြစ်နိုင်တယ်၊ ဘာဖြစ် လို့လည်းဆို တော့ ဦးတင်ထွန်းရဲ့သား မောင်လူအေးနဲ့ NMSP အဖွဲ့က တပ်သားအဆင့်ရှိသူ တို့ အောက်တိုဘာ ၁၂ ရက် နေ့မှာပဲ ကမာဝက်မြို့၊ ရပ်ကွက်(၁)ရှိ သပြေရုပ်ရှင်ရုံရှေ့မှာ လူငယ်သဘာဝ သမီးရည်းစားကိစ္စ ခိုက်ရန်ဖြစ်ပွား ပြီး မကြာခင်မှာဘဲ ဦးတင်ထွန်းကို သူတို့အဖွဲ့တွေကားနဲ့ရောက်လာပြီး ဖမ်းဆီးသွားတာ၊ ဒါဟာ မင်းမဲ့စရိုက် ဆန်ဆန် တရားဥပဒေကို မထီမဲ့မြင်ပြုတာ၊ ထိထိရောက်ရောက် အရေးယူသင့်တယ်၊ သူတို့အဖွဲ့ခေါင်းဆောင် တွေကလည်း ဒါကို လက်မခံသင့်ဘူး” ဟု ဦးတင်ထွန်း၏ အိမ်နီးနားချင်း တစ်ဦးမှ ပြောပြပါသည်။

မွန်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ဘာတစ်ခုမှလုပ်ဆောင်မပေးနိုင်သော NMSP အဖွဲ့က မင်းမဲ့စရိုက် ဆန်ဆန် အေးချမ်းစွာနေထိုင်နေကြသည့် မြို့သားတစ်ဦးအပေါ် လက်နက်ဖြင့်ခြိမ်းခြောက် ဖမ်းဆီးခြင်းကြောင့် မြို့သူမြို့သားများ စိုးရိမ်ထိတ်လန့်နေကြောင်း ကမာဝက်မြို့ခံတစ်ဦးမှ ပြောကြားသွားပါသည်။
တလဗန်း

Credit >>> Today Myanmar

No comments:

Post a Comment