၂၀၁၅ အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ တောင်အင်းကျးရွာမှ
ဒေသခံ တစ်ဦးသည် KIA အဖွဲ့မှ ထောင်ထားသောမိုင်း အားနင်းမိပေါက်ကွဲခဲ့ရာမှ ထိခိုက်ဒဏ်ရာ
ရရှိခဲ့ကြောင်း သိရှိရပါသည်။
တောင်အင်းကျေးရွာနေ မောင်နေထက်လင်း ၁၆ နှစ်၊ မောင်ဟန်လင်း ၂၅ နှစ် တို့ ၂ ဦးသည် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီချိန်တွင် တောင်အင်းကျေးရွာ အရှေ့ဘက်ရှိ မိုင်းပုတ်တောင်သို့ မျှစ်ရှာသွားခဲ့ ရာ နေ့လယ် ၃ နာရီချိန်တွင် တောင်အင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် မောင်နေထက်လင်းမှ KIA ထောင် ထားသော တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ပြီး ၀ဲ/ ယာဒူး၊ ယာလက်ဖျံ၊ ယာဝမ်းဗိုက်တို့တွင် မိုင်းစများထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့်
မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဆွေမျိုးတော် စပ်သူ တစ်ဦးမှလည်း ပြောကြားခဲ့ပါသည်။
“ထောင်တာကတော့ အစိုးရတပ်တွေလာနိုင်တဲ့လမ်း ကြောင်းကို ထောင်တာပဲ၊
ဒါပေမယ့် ရွာသားတွေက ဒီ ဒေသအတွင်းမှာ ထင်းရှာ၊ ရေခပ်၊ ငါးဖမ်း၊ မျှစ်ရှာတဲ့အခါမှာ သူတို့ထောင်ထားတဲ့မိုင်းတွေ နင်းမိကုန်တာ၊
ကိုယ့်လူမျိုး ကိုယ်ပြန်သတ်သလိုဖြစ်နေတယ်” ဟု ဒေသခံရွာသားတစ်ဦးကပြောကြား သည်။
ယခုလို KIA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာများ၊ မှော်တွင်းများ အနီးတဝိုက်တွင် မိုင်းများထောင်ထား မှုများ ကြောင့်  ဒေသခံရွာသားများမှာ မကြာခဏမိုင်းနင်းမိ၍
အသက်များဆုံးရှုံးလျက်ရှြိေ ကာင်းနှင့် ဒေသခံများ၏ လူနေမှုဘ၀ လုံခြုံရေးမှာလည်း စိုးရိမ်စရာဖြစ်လာကြောင်း
မြစ်ကြီးနားမြို့ခံကျောင်းဆ ရာတစ်ဦးက ပြောကြား သွားသည်။
ဆိုင်းနောင်(ဖားကန့်)
တောင်အင်းကျေးရွာနေ မောင်နေထက်လင်း ၁၆ နှစ်၊ မောင်ဟန်လင်း ၂၅ နှစ် တို့ ၂ ဦးသည် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီချိန်တွင် တောင်အင်းကျေးရွာ အရှေ့ဘက်ရှိ မိုင်းပုတ်တောင်သို့ မျှစ်ရှာသွားခဲ့ ရာ နေ့လယ် ၃ နာရီချိန်တွင် တောင်အင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် မောင်နေထက်လင်းမှ KIA ထောင် ထားသော တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ပြီး ၀ဲ/
“ထောင်တာကတော့ အစိုးရတပ်တွေလာနိုင်တဲ့လမ်း
ယခုလို KIA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာများ၊ မှော်တွင်းများ အနီးတဝိုက်တွင် မိုင်းများထောင်ထား မှုများ ကြောင်
ဆိုင်းနောင်(ဖားကန့်)
Credit >>> Kachin Daily News
No comments:
Post a Comment