၂၀၁၅ အောက်တိုဘာ ၁၈
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ရပ်ကွက်(၁)၊ ယုဇန လမ်းသွယ်နေ ကုန်သည်တစ်ဦးဖြစ်သူ ဦးတာဖနေအိမ်သို့ ၁၂၅-ဆိုင်ကယ်ဖြင့် အသက် ၃၀ခန့် ရှမ်းလူငယ် ၂ ဦး ရောက်ရှိလာကာ SSA(၀မ်ဟိုင်း)အဖွဲ့မှ စာပေးခိုင်းသဖြင့် လာပေးခြင်းဖြစ်ကြောင်း ပြောပြီး ဦးတာဖအား လျှောက်လွှာစာရွက် တစ်ပိုင်းပေါ်တွင် '' ၂၃-၁၀-၂၀၁၅ ရက်နေ့ သိန်းနီမြို့နယ်၊ မန်ချက်ကျေးရွာရှိ ချိန်းဆိုသောနေရာသို့ လာရောက်ရန် နှင့် လွဲချော်မှု မရှိစေရေး၊ ဖုန်းနံပါတ် ၀၉-၄၉၂၉၇၈၊ ၀-၃၀၇၈၁၉၂၄ သို့ ဆက်သွယ်ရန်၊ ငွေ ၅ သိန်းကျပ် အကူအညီတောင်းတာပါ '' ဆိုသည့် ရှမ်းစာဖြင့် ရေးထားသည့် စာရွက်တစ်ရွက်အား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါSSA(၀မ်ဟိုင်း)အဖွဲ့သည် ဒေသခံပြည်သူလူထုအား ယခုကဲ့သို့ မကြာမဏ ဆက်ကြေးကောက် တောင်းခံစာများ ပေးပို့ကာ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်လျှက်ရှိသဖြင့် ဒေသခံ ပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ ခံစားနေကြရကြောင်း သိရသည်။
Lashio Thar
No comments:
Post a Comment