ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ရှိ
အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ထံသို့ ဆက်ကြေး ပေးဆောင်ရန် အတွက် လာရောက်ဆွေးနွေးရန်
ဖုန်းဖြင့်ဆက်သွယ် ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ ဈေးရပ်ကွက်ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ဝင် ကျောင်းဟုန် ဆိုသူမှ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲချိန်တွင် ဆက်ကြေးငွေပေးဆောင်ရန်အတွက်
ဖုန်းဖြင့် ခြိမ်းခြောက်ပြောဆိုရာ အစိုးရဘဏ်ဖြစ်၍ မန်နေဂျာတစ်ယောက်အနေဖြင့် ဆုံးဖြတ်ခွင့်
မရှိကြောင်း ၊ အထက်ဌာနသို့ သတင်းပို့ပေး မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဘဏ်ဝန်ထမ်း
တစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ ဒီဒေသမှာရှိတဲ့ TNLA အဖွဲ့ တွေဟာ မူဆယ်မြို့နယ်ထဲက ဘဏ်တွေ၊ ဓာတ်ဆီဆိုင်တွေကို ဆက်ကြေးပေးဖို့ စာပို့ထားတဲ့ သတင်းတွေလည်း ကြားနေရတယ်၊ ဟိုတလောကပဲ ဆက်ကြေးမပေးလို့ ဘဏ်ကို ဗုံးထောင်ဖောက်ခွဲခဲ့သေးတယ် ၊ အဲဒီတုန်းက ည ၁၀ နာရီဆိုတော့
ဘဏ်ပိတ်ချိန်ဖြစ်နေလို လူထိခိုက်မှုမရှိဘူး၊ ဒီကောင်တွေ တရားလွန်နေပြီ၊ အစိုးရဘဏ်ကို
ကုမ္ပဏီများထင်နေလား မသိဘူး ၊ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း မူဆယ်မြို့မှာ ဖွင့်လှစ်ထားတဲ့
မြ၀တီဘဏ်ခွဲကို လက်နက်ကိုင် ၂ ဦးက လာရောက်ပစ်ခတ် သွားပေမယ့် မှန်တွေကွဲသွားခဲ့တယ်၊
ဘဏ်ဝန်ထမ်းတွေအတွက် အသက်အန္တရာယ်လုံခြုံမှုက စိုးရိမ် စရာဖြစ်လာတယ် ” ဟု မူဆယ်မြို့ခံတစ်ဦးမှ
ပြောပါသည်။
TNLA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားမှုမရှိသောအဖွဲ့ဖြစ်ပြီး
နိုင်ငံတော်မှ ကမ်းလှမ်းလျက်ရှိသော ငြိမ်းချမ်းရေးကိုပျက်ပြားေ အာင် ပြုလုပ်နေခြင်း
ဖြစ်သောကြောင့် ဒေသခံတိုင်းရင်းသား တို့၏ ငြိမ်းချမ်းရေး မျှော် လင့်ချက်မှာလည်း မှေးမှိန်နေဆဲဖြစ်ကြောင်း
ဒေသခံတိုင်းရင်းသားများမှာလ ည်း TNLAအဖွဲ့၏ လုပ်ရပ်များကို အကြီးအကျယ်စိတ်ပျက်လျက်ရှိေ ကြာင်း၊
ဘဏ်ဝန်ထမ်းများ၏ လုံခြုံရေးအတွက် အစိုးရမှ တာဝန်ယူပေး သင့်ကြောင်းနှင့် TNLA အဖွဲ့အား
ထိရောက်စွာချေမှုန်းသင့်ပြီ ဖစ်ကြောင်း မူဆယ်မြို့ ဒေသခံ ရှေ့နေတစ်ဦးက သုံးသပ်ပြောကြားသွားပါသည်။
ဆိုင်းနောင်(ဖားကန့်)မူဆယ်မြို့၊ ဈေးရပ်ကွက်ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ဝင် ကျောင်းဟုန် ဆိုသူမှ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲချိန်တွင် ဆက်ကြေးငွေပေးဆောင်ရန်အတွက်
“ ဒီဒေသမှာရှိတဲ့ TNLA အဖွဲ့ တွေဟာ မူဆယ်မြို့နယ်ထဲက ဘဏ်တွေ၊ ဓာတ်ဆီဆိုင်တွေကို ဆက်ကြေးပေးဖို့ စာပို့ထားတဲ့ သတင်းတွေလည်း ကြားနေရတယ်၊ ဟိုတလောကပဲ ဆက်ကြေးမပေးလို့ ဘဏ်ကို ဗုံးထောင်ဖောက်ခွဲခဲ့သေးတယ်
TNLA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားမှုမရှိသောအဖွဲ့ဖြစ်ပြ
Credit >>> Kachin Daily News
No comments:
Post a Comment