Monday, October 5, 2015

တရုတ်အစိုးရပိုင် သင်္ဘောများ ဂျပန်ရေပိုင်နက်အတွင်း ၀င်ရောက်ခဲ့ဟုဆို

၂၀၁၅ အောက်တိုဘာ ၅


တိုကျို ၊ ၅-၁ဝ-၂ဝ၁၅

တရုတ်အစိုးရပိုင် သင်္ဘောသုံးစင်းသည် ဆန်ကာကူကျွန်း ကမ်းလွန်ရှိ ဂျပန် ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း Newsnow သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ တရုတ်သင်္ဘောများသည် ဂျပန်ရေပိုင်နက်အတွင်းသို့ အောက်တိုဘာ ၃ ရက်တွင် နှစ်နာရီခန့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မီနာမီကိုဂျီမာကျွန်း အပြင်ဘက် ဆက်စပ်ဇုန်အတွင်း ဒေသစံတော်ချိန် ညနေ ၅ နာရီ အချိန်ထိ မောင်းနှင်ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားထားသည်။

ထို့နောက် တရုတ်သင်္ဘောများအား ဂျပန် ရေပိုင်နက်အတွင်းမှ ထွက်ခွာရန် ကမ်းခြေစောင့်တပ်ဖွဲ့က သတိပေးခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရပိုင် သင်္ဘောများ ယခု ဝင်ရောက်မှုသည် ဆန်ကာကူကျွန်း ကမ်းလွန် ဂျပန် ရေပိုင်နက်အတွင်းသို့ ၂ဝ၁၅ ခုနှစ်အတွင်း (၂၇) ကြိမ်မြောက် ဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျွန်းများကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံနှင့် တရုတ် (တိုင်ပေ) တို့ကလည်း အဆိုပါ ကျွန်းများအား ၄င်းတို့ ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြား ထားသည်။

Credit >>> PyiChitThar

No comments:

Post a Comment