Monday, October 19, 2015

SSA(၀မ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးတောင်းခံ


၂၀၁၅ အောက်တိုဘာ ၁၉


၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ပန်နားကျေးရွာရှိ ဦးခေးရွှေ၏ နေအိမ်သို့ SSA(၀မ်ဟိုင်း)အဖွဲ့ တပ်ရင်း(၈၅၁)မှ ဗိုလ်မှူးအဆင့်ရှိ စိုင်းခလိုင်းနှင့်အင်အား ၃ ဦး သည် လက်နက်ငယ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး မိုင်းလီ၊ နားဆော့၊ ဟိုတုံ နှင့် ပန်နား ကျေးရွာတို့မှ ရွာသူကြီးများ၊ ရွာသားများ စုပေါင်းအင်အား ၂၀ ဦးခန့်ဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

အစည်းအဝေးတွင် စိုင်းခလိုင်းမှ နားဆော့၊ မိုင်းလီ၊ ဟိုတုံ ကျေးရွာများမှ လူသစ် ၁၅ ဦး စုဆောင်ပေးရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ ၁ နှစ်စာ ဆက်ကြေးအဖြစ် ထော်လာဂျီ အသေး ၁ စီးလျှင် ၂၅၀၀၀ ကျပ်၊ ပီအီး(၁၂)ဘီးယာဉ် ၁စီးလျှင် ၁၅၀၀၀၀ ကျပ်၊ တွဲယာဉ်(ယာဉ်ကြီး) ၁စီးလျှင် ၂၀၀၀၀၀ ကျပ်၊ လိုက်ထရပ်(သို့မဟုတ်)သရီးကရောင်းယာဉ် ၁စီးလျှင် ၅၀၀၀၀ ကျပ်၊ ပြောင်းဖူး ၁အိတ်လျှင် ၂၀၀ ကျပ် စသဖြင့် အသီးသီး ကောက်ခံပေးရန် ပြောပြီး စိုင်းခလိုင်းနှင့်အဖွဲ့သည် နံနက် ၁၁နာရီ ၄၅ မိနစ်ခန့် တွင် ပြန်လည်ထွက်ခွာ သွားကြောင်း သိရသည်။ ၄င်း SSA(၀မ်ဟိုင်း)အဖွဲ့သည် ကျေးရွာများသို့ မကြာခဏ လာရောက်ပြီး လက်နက်အားကိုးဖြင့် ရွာသူရွာသားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် ဒေသခံ ပြည်သူများမှာ တည်ငြိမ်အေးချမ်းမှုကို လိုလားလျက် ရှိကြောင်းသိရသည်။

Lashio Thar

No comments:

Post a Comment