၂၀၁၅ အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာတွင်နေထိုင်သော ဒေသခံလူငယ်များအား KIA
အဖွဲ့ မှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း
ယင်းဒေသေခံများ ထံမှ သိရသည်။
မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာသို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျေးရွာအနီးရှိ တောင်ယာလုပ်ကိုင်နေသော ဒေသခံလူငယ် ၁၀ ဦးအား အတင်းအကြပ်ဖမ်းဆီး၍ ၎င်းတို့ စခန်းရှိရာ လခြမ်းတောင်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးမှ ပြောသည်။
“ရွာနားမှာ တောင်ယာလုပ်ငန်း
လုပ်ကိုင်နေကြတာ၊ KIA အဖွဲ့တွေ ရောက်လာပြီး မင်းတို့လူငယ်တွေ ငါတို့
စခန်းကိုလိုက်ခဲ့ရမယ်၊ စခန်းမှာ လူအင်အားလိုနေလို့ ဆိုပြီး လူငယ် ၁၀ ယောက်ကို
လူသစ်အဖြစ် ဇွတ်အတင်း ဖမ်းခေါ်သွားတယ်၊ ရိုးရိုးသားသားနဲ့ တောင်ယာလုပ်စားနေတာ၊
မိသားစုစားဝတ်နေရေး အတွက် ဒီအလုပ်ပဲ ရှိတာ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ၊ အဲဒီနေ့က
ဖမ်းသွားတဲ့ အထဲမှာ ပါသွားတဲ့ ကောင်လေးတစ်ယောက်ဆို အသက် ၁၄ နှစ်ပဲရှိပါသေးတယ်။
ကျွန်မတို့ အိမ်နားကပါ၊ ထမင်းတောင်းပို့သွားတော့ တောင်ယာ
လုပ်တဲ့သူတွေမရှိတော့ဘူးလေ၊ အယုတ်တမာကောင်တွေ ဖမ်းခေါ်သွားတာ၊ ယောက်ျားကိုဖမ်းခေါ်သွားတော့
ကျွန်မလည်း အားကိုးရာ မဲ့ပြီး ဒုက္ခရောက်နေရတယ် ” ဟု ဖမ်းဆီးခံရသူ၏ ဇနီးမှ
ပြောပါသည်။
KIA အဖွဲ့သည် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသောကြောင့် ဒေသခံတိုင်းရင်းသားများအပေါ် လက်နက် အားကိုးဖြင့် ဆက်ကြေးငွေကောက်ခံခြင်း၊ လူငယ်များအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင် သွားခြင်းများကို မကြာခဏပြုလုပ်လာသည့်အတွက် ကျေးရွာများရှိ ဒေသခံများ အနေဖြင့် စားဝတ်နေရေး အတွက် အခက်အခဲများနှင့်ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း သိရသည်။
ဇက်ဂျာဆိုင်း

Credit >>> Kachin Daily News
No comments:
Post a Comment