၂၀၁၅ အောက်တိုဘာ ၂၆
ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ဆနာကျေးရွာ၊ နိန့်ဖွန်ကျေးရွာ၊ ကူခမ်းကျေးရွာ၊ အောင်မောင်းကျေးရွာ၊ ထန်မိုး ခမ်းကျေးရွာ၊ လုံထန်ကျေးရွာ၊ ပန်ဆဲကျေးရွာတို့အား KIA အဖွဲ့မှ စက်တင်ဘာလမှစ၍ အောက်တိုဘာ ၂၄ ရက်နေ့ထိ ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်ြး ခင်း၊
လူသစ်စုဆောင်းခြင်း၊ လူမျိုးခွဲခြား ဆက်ဆံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းများပြုလု ပ်သဖြင့်
၎င်းရွာများမှ လီဆူးတိုင်းရင်း အိမ်ထောင်စုများသည် နေရပ်အားစွန်ခွာ၍ မြစ်ကြီးနား၊ ၀ိုင်းမော်ရှိ
ဆွေမျိုးများနေအိမ်များသို့ ပြောင်းရွှေ့ နေ ထိုင်ကြကြောင်း ဆဒုံးရွာသားတစ်ဦးမှ
ပြောပါသည်။
``ဟိုတလောကပဲ မိန်းကလေး ၃ ယောက်နဲ့ ယောက်င်္ကျားလေး ၃ ယောက်ကို လူသစ်လုပ်ခိုင်းဖို့ ဖမ်းသွား တယ်။ ဒါပေမယ့် သက်ဆိုင်ရာကသိသွားတာရယ်၊ လီဆူးရိုးရာအဖွဲ့က တောင်းဆိုတာကြောင့် ပြန်လွတ် လာတယ်လို့သိရတယ်´´ ဟု လီဆူးမျိုးနွယ်စုခေါင်းဆောင်
တစ်ဦးကပြောသည်။
`` ဒီဒေသမှာ KIA အဖွဲ့က လက်နက်အားကိုးနဲ့ အတင်းအဓမ္မဆက်ကြေးကောက်၊ လူသစ်စု၊ အနိုင်ကျင့်ပြီး ထင်ရာစိုင်းနေကြတာ၊ ဒေသခံရွာသူ/ ရွာသားတွေဟာလည်း သည်းမခံနိုင်လို့ရှောင်ကြရတာ၊
ကိုယ့်ရွာမှာ ကိုယ် နေချင်တာပေါ့၊ ဒီကောင်တွေရဲ့ ရက်စက်ယုတ်မာမှုကတော့ လွန်လွန်းအားကြီးတယ်၊
ကျွန်တော်တို့ ရပ်ရွာကို စွန့်ပြီး ရှောင်ပြေးရသလို သူတို့လည်း တစ်နေ့တော့ ခွေးပြေး၊၀က်ပြေးဘ၀နဲ့
ဝဋ်ပြန်လည်အုံးမှာပါ ´´ ဟု ရွှေ့ပြောင်းရွာသားတစ်ဦးက ပြောကြားသွားသည်။
ဆိုင်းနောင်(ဖားကန့်)
Credit >>> Kachin Daily News
ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ဆနာကျေးရွာ၊ နိန့်ဖွန်ကျေးရွာ၊ ကူခမ်းကျေးရွာ၊ အောင်မောင်းကျေးရွာ၊ ထန်မိုး ခမ်းကျေးရွာ၊ လုံထန်ကျေးရွာ၊ ပန်ဆဲကျေးရွာတို့အား KIA အဖွဲ့မှ စက်တင်ဘာလမှစ၍ အောက်တိုဘာ ၂၄ ရက်နေ့ထိ ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်ြး
``ဟိုတလောကပဲ မိန်းကလေး ၃ ယောက်နဲ့ ယောက်င်္ကျားလေး ၃ ယောက်ကို လူသစ်လုပ်ခိုင်းဖို့ ဖမ်းသွား တယ်။ ဒါပေမယ့် သက်ဆိုင်ရာကသိသွားတာရယ်၊ လီဆူးရိုးရာအဖွဲ့က တောင်းဆိုတာကြောင့် ပြန်လွတ် လာတယ်လို့သိရတယ်´´ ဟု လီဆူးမျိုးနွယ်စုခေါင်းဆောင
`` ဒီဒေသမှာ KIA အဖွဲ့က လက်နက်အားကိုးနဲ့ အတင်းအဓမ္မဆက်ကြေးကောက်၊ လူသစ်စု၊ အနိုင်ကျင့်ပြီး ထင်ရာစိုင်းနေကြတာ၊ ဒေသခံရွာသူ/
Credit >>> Kachin Daily News
No comments:
Post a Comment