၂၀၁၅ အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဌေးမြန်မာ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ အတွင်းသို့ အောက်တိုဘာ လ ၇ ရက်နေ့တွင် KIA အဖွဲ့ဝင်များမှ
လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ကုမ္ပဏီ
တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ဖားကန့်မြို့နယ်ရှိ၊ ဟောင်ပါးကျေးရွာ၊ ရပ်ကွက်(၇)အနီး ဝှေဆိုင်းမှော်ရှိ
ဦးဌေးလွင်ပိုင်ဆိုင်သော ဌေးမြန် မာ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်းသို့ KIA အဖွဲ့ အင်အား ၁၂
ဦးခန့်သည် အရပ်ဝတ်များဖြင့် လက်နက်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး
ဦးဟန်လွင်နှင့် လုပ်သား ၁၃ ဦးအား မြေပေါ်တွင်မှောက်ခိုင်း၍ ကုမ္ပဏီအနေဖြင့်
အစိုးရတပ်အား လုံခြုံရေးမကြာခဏတောင်းကြောင်း ကြားသိရသည်ဟု ပြောရာ
ဦးဟန်လွင်မှ အစိုးရတပ်မှ ကုမ္ပဏီကို
လုံခြုံရေးလုပ်ပေးစရာအကြောင်း မရှိဘူးလို့ ပြန်လည်ပြောကြားခဲ့သဖြင့်
ဦးဟန်လွင်၏ ဦးခေါင်းအား ပစ္စတိုသေနတ်ဒင်ဖြင့် ၁ ချက်၊ ယာခြေထောက်အား
တုတ်ဖြင့်ရိုက်နှက်ခြင်းတို့ပြုလုပ်ခဲ့ပြီး ကုမ္ပဏီဝင်းအတွင်းရှိ
(ပျဉ်ကာ၊သွပ်မိုး) ရှင်းလင်းဆောင် ၁ ဆောင်နှင့် ဂိုထောင် ၃ လုံးတို့အား
ဓာတ်ဆီ လောင်း၍ လက်လုပ်မိုင်း ၁၀ လုံးခန့်ပစ်ထည့်ကာ
မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်းများထံမှ သိရသည်။
အဆိုပါ
မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ၊ ကာလတန်ဖိုး ငွေကျပ်သိန်း
၅၀၀ ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးဟန်လွင်မှာ
ဦးခေါင်းနှင့်ယာခြေထောက်တို့တွင် ဖူးရောင်ဒဏ်ရာများဖြင့် တာမခံကျေးရွာ
တိုက်နယ်ဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှပြောပါသည်။
ယခုကဲ့သို့ KIA အဖွဲ့များမှ ဖားကန့်မြို့တွင်းနှင့် လမ်းများပေါ်ရှိ
တံတားများအား မီးရှို့ ဖျက်ဆီးခြင်း၊ ကျေးရွာများ အတွင်းသို့
ဝင်ရောက်ဖောက်ခွဲခြင်းများ နေ့စဉ်ပြုလုပ်လျက် ရှိခြင်းကြောင့်
၎င်းကျေးရွာများရှိ ဒေသခံများထံသို့ စားနပ်ရိက္ခာ အကူအညီပေးမည့်သူများမှာ
သွားရောက်အကူအညီပေး ရန်အတွက် အခက်အခဲများရှိကြောင်း ဖားကန့်မြို့နယ်
လူမှုကူညီရေး အဖွဲ့ဝင် တစ်ဦးမှ ပြောပြခဲ့ပါသည်။
ဆိုင်းနောင်(ဖားကန့်)Credit >>> Kachin Daily News
No comments:
Post a Comment