၂၀၁၅ အောက်တိုဘာ ၁၃
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊
မန်စီမြို့နယ်အတွင်း ဒေသခံ ဆိုင်ကယ်ကယ်ရီသမားများအား KIA အဖွဲ့မှ မူးယစ်
ဆေးဝါး များ သယ်ယူရောင်းချသည်ဟု အကြောင်းပြကာ လူသစ်အဖြစ်
ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ဒေသခံ ဆိုင်ကယ် ကယ်ရီသမားအချို့ထံမှ သိရသည်။
မန်စီမြို့နယ်အတွင်းရှိ
ပါတော်၊ ဒန်ဆားဘက်မှ အင်ဘာပါသို့ ဆိုင်ကယ်ကယ်ရီ ပို့ဆောင်နေသူ ၅ ဦး အား
အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ မူးယစ်ဆေးဝါးများ သယ်ယူရောင်းချသည်ဟု
အကြောင်းပြကာ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုင်ကယ် ကယ်ရီသမားတစ်ဦး မှ
ပြောသည်။
“
ဒီဒေသမှာ ဆိုင်ကယ်ကယ်ရီ ဆွဲနေတာကြာပြီ၊ ရိုးရိုးသားသားနဲ့
လုပ်ကိုင်စားသောက်နေတာပါ၊ ဒီအလုပ်လေးနဲ့ပဲ မိသားစုကို လုပ်ကိုင်ကျွေးနေတာ၊
ဒီနေရာကို KIA အဖွဲ့တွေရောက်လာပြီး မင်းတို့ ကယ်ရီသမားတွေ မူးယစ်ဆေးဝါး
ရောင်းနေတယ်လို့ စွပ်စွဲပြောဆိုပြီး လိုက်ရှာတယ်၊ ကျွန်တော်တို့ဆီမှာ
ဘာမှမတွေ့တော့ မင်းတို့ကောင်တွေ မူးယစ်ဆေးဝါးသုံးစွဲနေတာ၊ ငါတို့လာတာသိလို့
ဝှက်ထားတာမို့လား၊ ဘာမှပြန်မပြောနဲ့ သေသွားမယ်လို့ ခြိမ်းခြောက် တယ်၊ ပြီးတော့
ကယ်ရီသမား ၅ ယောက်ကို ဇွတ်အတင်း ဖမ်းခေါ်သွားတယ်၊ ဖမ်းဆီးသွားတဲ့သူတွေကို KIA
စခန်းမှာ စစ်သင်တန်းတက်ခိုင်းဖို့ပဲ ဖြစ်မှာပါ” ဟု ဒေသခံဆိုင်ကယ် ကယ်ရီသမားတစ်ဦးက
ပြော ပါသည်။
KIA
အဖွဲ့မှ မန်စီမြို့နယ်အတွင်း ဆိုင်ကယ်ကယ်ရီသမားများနှင့် ဒေသခံလူငယ်များအား
လူသစ်အဖြစ် စုဆောင်းခြင်းများ ဆက်တိုက်ပြုလုပ်လာသောကြောင့် ဒေသခံများမှာ
စိုးရိမ်ထိတ်လန့်နေကြပြီး အချို့ ရွာသားများမှာလည်း စားဝတ်နေရေး ခက်ခဲလာသဖြင့်
ဗန်းမော်မြို့ပေါ်သို့ ပြောင်းရွှေ့သွား ကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး
တစ်ဦးမှလည်း ပြောပြခဲ့ပါသည်။
နော်ဂျာ
No comments:
Post a Comment