၂၀၁၅ အောက်တိုဘာ ၈
ကွမ်လုံမြို့နယ်၊ ဝေါခြုံကျေးရွာ အနောက်မြောက်ဘက်ရှိ ကိုယ်ပယ်ချင်းကျေးရွာ၊ နမ့်ဆန်းကျေးရွာ၊ ရှာကျိုင်း ကျေးရွာ၊ နမ့်ကျွမ်းကျေးရွာနှင့် ရှောက်ထင်ပါးကျေးရွာများသို့ 
အောက်တိုဘာလ ၅ ရက်နေ့ညပိုင်း တွင် KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်း အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံရွာသား ၇ ဦးအား
လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး၍ အရှေ့မြောက်ဘက်ရှိ ကိုကိုက်ထန်ရွာသို့ ဆက်လက်ထွက်ခွာ သွားကြောင်း
ဝေါခြုံရွာသား တစ်ဦးမှ ပြောပြသည်။
Credit >>> Kachin Daily News
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့နယ်အတွင်းရှိ
ကျေးရွာများသို့ KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်း အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး
ဒေသခံရွာသား ၇ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ကွမ်လုံမြို့နယ်၊ ဝေါခြုံကျေးရွာ အနောက်မြောက်ဘက်ရှိ ကိုယ်ပယ်ချင်းကျေးရွာ၊ နမ့်ဆန်းကျေးရွာ၊ ရှာကျိုင်း ကျေးရွာ၊ နမ့်ကျွမ်းကျေးရွာနှင့် ရှောက်ထင်ပါးကျေးရွာများသို
“ဒီနားက
ရွာတွေကို KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့တစ်ဖွဲ့ ရောက်လာတယ်၊
မင်းတို့ရွာထဲကို အစိုးရ တပ်တွေလာသေးလား၊ ရောက်လာရင်လည်း ငါတို့ကို သတင်းပေးရမယ်၊
အစိုးရတပ်တွေနဲ့ အဆက်အသွယ် မလုပ်ရဘူးလို့ပြောတယ်၊ သူတို့အဖွဲ့ ရောက်နေတာကို
သတင်းပေးရင်လည်း သတ်ပစ် မယ်လို့ ခြိမ်းခြောက်တယ်၊ ဆက်ကြေးငွေလည်း
မကြာခဏလာကောက်တယ်၊ ရိုးရိုးသားသားလုပ်ကိုင် စားသောက်နေတဲ့ ရွာသားတွေကိုလည်း
အစိုးရသတင်းပေးတယ်လို့ စွပ်စွဲပြီးရိုက်ပုတ်တယ်၊ ပြီးတော့ ဒီနားပတ်ဝန်းကျင်က
ရွာသား ၇ ယောက်ကိုလည်း လူသစ်အဖြစ် ဇွတ်အတင်းဖမ်းခေါ်သွားတယ်” ဟ ကျေးရွာ
အုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောသည်။
KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခြင်းခံရသူ ၇ ဦးမှာ ကိုယ်ပယ်ချင်းကျေးရွာမှ လီရှင်ပေါင် နှင့် ရှီလောက်ကျောင်၊ နမ့်ကျွမ်းကျေးရွာမှ ယီချင် နှင့်လီဝူး၊ နမ့်ဆန်းကျေးရွာမှ လောက်စန်း၊ ရှာကျိုင်းကျေးရွာမှလျာက်လောက်၊ ရှောက်ထင်ပါးကျေးရွာမှ ကြူရွမ်းကို တို့ဖြစ်ကြောင်းသိရသည်။
KIA ၊ TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့သည် ကျေးရွာများအတွင်း ဆက်ကြေးငွေများ မကြာ ခဏ ကောက် ခံခြင်း၊ ရွာသားများအား အကြောင်းအမျိုးမျိုးပြကာ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခြင်းနှင့် ကျေးရွာ များအနီး မိုင်းထောင်ခြင်းများ ပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာ မည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

နော်ဂျာ
Credit >>> Kachin Daily News
No comments:
Post a Comment