၂၀၁၅ အောက်တိုဘာ ၅
Credit >>> Kachin Daily News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးပေါ်ကျေးရွာအုပ်စုတွင်
နေထိုင်သော ဒေသခံရွာသူ၊ ရွာသား ၃ ဦး သည် KIA အဖွဲ့မှ ထောင်ထားသောမိုင်းအား
နင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း
ဒေသခံတစ်ဦးမှ ပြောသည်။
မုံးပေါ်ကျေးရွာအုပ်စုတွင် နေထိုင်သော မလော်ရှောက်ချို ၊ အသက်(၁၀)နှစ်၊
မောင်လော်ဝိန်းရှောက် ၊ အသက်(၁၀)နှစ် ၊ မောင်လော်ဝိန်းလီ ၊ အသက်(၁၂)နှစ်
တို့ (၃)ဦးသည် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ချိန်တွင်
မုံးပေါ်ကျေးရွာ တရုတ်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ တရုတ်စာသင်ကြားပြီး
နံနက် ၈ နာရီခွဲတွင် မိုင်ဖန်ကျေးရွာသို့ ပြန်သွားစဉ် မုံးပေါ်ကျေးရွာနှင့်
မိုင်ဖန်ကျေးရွာကြား သို့အရောက်တွင် KIA ထောင်ထားသော မိုင်း (၁) လုံးအား
နင်းမိပေါက်ကွဲခဲ့ကြောင်း မုံးပေါ်ကျေးရွာ ရပ်မိရပ်ဖတစ်ဦး၏ ပြောပြချက်အရ
သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် မလော်ရှောက်ချိုသည်
ဝဲ၊ယာခြေထောက်၊ ကိုယ်ခန္ဓာ၊ မျက်နှာ၊ ၀ဲ/ယာလက်နှင့် ဆီးခုံတို့တွင်
လည်းကောင်း၊ မောင်လော်ဝိန်းရှောက် သည် ၀ဲဒူး၊
ဝဲလက်ဖျံနှင့်မျက်နှာတို့တွင် လည်းကောင်း၊ မောင်လော်ဝိန်းလီသည် ရင်ဘတ်၊
မျက်နှာ၊ ယာလက်ဖျံ၊ ယာလက်မောင်းနှင့် ၀ဲခြေထောက်တို့တွင်
လည်းကောင်းမိုင်းစများထိမှန်ပြီး
ပြင်းထန်စွာ ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် အစိုးရတပ်မှ ဆေးကုသမှုများ
ပြုလုပ်ပေးပြီး မူဆယ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း
မုံးပေါ်ကျေးရွာသားတစ်ဦးက ပြောပါသည်။
KIA အဖွဲ့မှ
အစိုးရတပ်များနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာစေရန်
ဒေသခံကျေးရွာများအနီးတွင် မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ကျေးရွာများမှ
လူငယ်များအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ
ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ၎င်းမှ ဆက်လက်ပြောပြခဲ့ပါသည်။
ဆိုင်းနောင်(ဖားကန့်)Credit >>> Kachin Daily News
No comments:
Post a Comment