၂၀၁၅ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့၊ ကွတ်ခိုင် - တာမိုးညဲသွားလမ်း
အနီးတွင် KIA ထောင်ထားသော အဝေးထိန်းစနစ်သုံးမိုင်း ၁ လုံးအား အောက်တိုဘာ
၁၀ ရက်နေ့ နံနက် ၁၁ နာရီချိန်တွင် အစိုးရ တပ်မှ ဖော်ထုတ်သိမ်းဆည်းခဲ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးမှပြောပါသည်။
ကွတ်ခိုင်မြို့၊ ရပ်ကွက်(၇) နမ့်ဟူးစုစည်းရွာ၊ ဘုန်းကြီးကျောင်းအ၀င်လမ်း၊ ကွတ်ခိုင် - တာမိုးညဲသွား ကားလမ်း တောင်ဘက်တွင် လမ်းပြုပြင်ရန် ချထားသော ကျောက်ပုံအနီးတွင် KIA အဖွဲ့မှ ထောင်ထား သည့် မသင်္ကာ ဖွယ်ရာပစ္စည်းတစ်ခုတွေ့ရှြိေ ကာင်း
မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းပေးပို့သဖြင့် အစိုးရတပ်မှ သွားရောက် စစ်ဆေးရာ
အလျား ၇ လက်မ၊ အနံ ၄ လက်မခန့်ရှိ ပလပ်စတစ်ထမင်းဘူးခွံအတွင်း ဘောစေ့ ၅၀၀
ခန့်အား ဖယောင်းလောင်း၍ ထည့်ထားသည့် ဒေသန္တရလုပ်မိုင်း ကိုယ်ထည် ၁ ခု၊
ဗူးခွံအတွင်းထည့် ထားသည့် အလျား ၄ လက်မ၊ အနံ ၃ လက်မခန့်ရှိ အ၀ါရောင်
ယမ်းမှုန် ၁ ထုပ်၊ ဓာတ်ခဲအသေး ၅ လုံးထည့် ဆားကစ်အုံ ၁ ခု၊
လျှပ်စစ်ဒီတိုနေတာ ၁ ခု စသည့် မိုင်းနှင့်ဆက်စပ်ပစ္စည်းများ ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးထံမှသိရသည်။
အဆိုပါ KIA အဖွဲ့သည် ကွတ်ခိုင် - တာမိုးညဲ သွားလမ်းကြောင်းပေါ် တွင် ဖြတ်သန်းသွားလာမည့် အစိုးရ စစ်ကြောင်းနှင့် ယာဉ်တန်းများအား ဖောက်ခွဲတိုက်ခိုက်ရန် ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံရွာသား များမှ ပြောကြားခဲ့သည်။
ယခုလို KIA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာနှင့် မှော်လုပ်ငန်းနေရာများ သာမက အများပြည်သူသွား ကားလမ်း၊ ရထားလမ်းနဲ့ သင်္ဘော ဆိပ်ကမ်းတွေအထိ မိုင်းထောင်ခြင်းများကြောင့်  ဒေသခံရွာသားတွေမှာ မကြာခဏ မိုင်းနင်းမိပြီး အသက်များဆုံးရှုံးလျက်ရှြိေ ကာင်းနှင့် ယခုကဲ့သို့ လုပ်ရပ်များမှာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ပွဲပျက်ပြားအောင် တမင်ပြုလုပ်နေသလိုဖြစ်နေကြောင်း ကွတ်ခိုင်မြို့ခံ ကျောင်းဆရာ တစ်ဦးက ပြောပါသည်။
ကွတ်ခိုင်မြို့၊ ရပ်ကွက်(၇) နမ့်ဟူးစုစည်းရွာ၊ ဘုန်းကြီးကျောင်းအ၀င်လမ်း၊ ကွတ်ခိုင် - တာမိုးညဲသွား ကားလမ်း တောင်ဘက်တွင် လမ်းပြုပြင်ရန် ချထားသော ကျောက်ပုံအနီးတွင် KIA အဖွဲ့မှ ထောင်ထား သည့် မသင်္ကာ ဖွယ်ရာပစ္စည်းတစ်ခုတွေ့ရှြိေ
အဆိုပါ KIA အဖွဲ့သည် ကွတ်ခိုင် - တာမိုးညဲ သွားလမ်းကြောင်းပေါ် တွင် ဖြတ်သန်းသွားလာမည့် အစိုးရ စစ်ကြောင်းနှင့် ယာဉ်တန်းများအား ဖောက်ခွဲတိုက်ခိုက်ရန် ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံရွာသား များမှ ပြောကြားခဲ့သည်။
ယခုလို KIA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာနှင့် မှော်လုပ်ငန်းနေရာများ သာမက အများပြည်သူသွား ကားလမ်း၊ ရထားလမ်းနဲ့ သင်္ဘော ဆိပ်ကမ်းတွေအထိ မိုင်းထောင်ခြင်းများကြောင်
Credit >>> Kachin Daily News
No comments:
Post a Comment