Thursday, October 1, 2015

TNLA (ပလောင်) သောင်းကျန်းသူအဖွဲ့မှ ပဆင မှ လမ်းပြုပြင်ရန်အတွက် စီးနင်းလာသော ယာဉ်အား အကြောင်းမဲ့ပစ်ခတ်


၂၀၁၅ အောက်တိုဘာ ၁


၂၀၁၅ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မန်တုံ-နမ္မတူကားလမ်းတွင် TNLA (ပလောင်) သောင်းကျန်း သူ အဖွဲ့အင်အား (၅၀)ဦးခန့်သည် ဆက်ကြေးကောက်ရန်အတွက် ရောက်ရှိနေရာယူထားပြီး ၄င်းအဖွဲ့မှ အင်းအား ၁၀ဦးခန့်သည်လက်နက်ကိုယ်စီကိုင်ဆောင်လျက် မနက် ၉နာရီ အချိန်ခန့်တွင် မန်တုံ-နမ္မတူ လမ်းအား ပြုပြင်လမ်းခင်းရန်အတွက် ရောက်ရှိလာသော Tipper ယာဉ်(အပြာရောင်)အား ယာဉ်၏အရှေ့ဘက် မီတာ၁၀၀ခန့်မှ နေ၍ ယာဉ်ဦးခေါင်းခန်းနှင့် နောက်ပိုင်းတို့အား (၄၀)မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ အချက်များစွာ ပစ်ခတ်ခဲ့ပြီး ပြန်လည်ထွက်ခွာ သွားကြောင်း သိရှိရသည်။

ထိုသို့ TNLA (ပလောင်) သောင်းကျန်းသူအဖွဲ့၏ ရက်စက်စွာ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မန်တုံပဆင အထူးအဖွဲ့(၆) မှလမ်းခင်းရန်အတွက် အလုပ်သမားများ လိုက်ပါစီးနင်းလာသော Tipper ယာဉ်မှာ ရှေ့ဘီး ၂ လုံးကွဲ၊ ရှေ့လေကာမှန်ကွဲ၊ ကားဘော်ဒီတွင် လက်နက်ကြီး၊ လက်နက်ငယ်ကျည် အချက် ၃၀ခန့်ထိမှန်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသော၁၉နှစ်ခန့် အမျိုးသမီးငယ် ၁ဦး လဲကျသေဆုံးနေပြီး ကျန် ၈ဦးခန့် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

TNLA (ပလောင်) သောင်းကျန်းသူများ၏ လက်နက်အားကိုးဖြင့် မကြာခဏ ဆက်ကြေးကောက်ခြင်း၊ အတင်းအဓ္ဓမ လူသစ်စုခြင်း၊ မန်တုံ-နမ္မတူ ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ကားများအား အကြောင်းမဲ့ပစ်ခတ် ခြင်းများကြောင့် ဒေသခံတိုင်းရင်းသားနှင့် ခရီးသွား ပြည်သူများမှာ မိမိတို့၏ စီးပွားရေးကို စိတ်ချလက်ချ မလုပ်ရဲပဲ၊ ကျီးလန့်စာစား နေသကဲ့သို့ ဖြစ်နေသဖြင့် ၄င်းတို့၏လုပ်ရပ်အား ရွံ့ရှာ မုန်းတီးနေကြကြောင်း ဒေသခံရွာသား တစ်ဦး၏ ပြောပြချက်အရသိရသည်။

Lashio Thar

No comments:

Post a Comment