၂၀၁၅ အောက်တိုဘာ ၁
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ ဘွမ်ဝါစခန်းတွင် တာဝန်ထမ်းဆောင်နေသော KIA အဖွဲ့ဝင် တစ်ဦးသည် လစာ၊ ရိက္ခာမလုံလောက်မှုကြောင့် စက်တင်ဘာလ ၂၇
ရက်နေ့တွင် စခန်းမှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ယင်းဒေသခံများထံမှ
သိရှိရသည်။
ဘွမ်ဝါစခန်းတွင်
တာဝန်ထမ်းဆောင်နေသော KIA အဖွဲ့ဝင် လရော်သည် လစာ၊ ရိက္ခာ မလုံလောက် မှုကြောင့်
စက်တင်ဘာလ ၂၇ ရက်နေ့တွင် စခန်းမှ ထွက်ပြေးတိမ်းရှောင်သွားသဖြင့်
ပုန်းအောင်း နေသည် ဟု ယူဆရသော စကားပါကျေးရွာနှင့် လုထောင်ကျေးရွာတို့တွင်
KIA အဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေနေကြောင်း ကျေးရွာ ရပ်မိရပ်ဖတစ်ဦး၏
ပြောပြချက်အရ သိရှိရပါသည်။
“ KIAအဖွဲ့တွေ ရွာကိုရောက်လာတယ်၊
လက်နက်တွေလည်း ကိုယ်စီကိုင်ထားတယ်၊ သူတို့အဖွဲ့ဝင် တစ်ယောက် ထွက်ပြေးလို့
လိုက်ဖမ်းတာလို့ပြောတယ်၊ ရွာထဲမှာ တစ်အိမ်တက်ဆင်း လိုက်ရှာကြတယ်၊
ထွက်ပြေးမှာပေါ့၊ သူတို့က အပြောနဲ့အလုပ်မညီဘူးလေ၊ ကချင်လူမျိုး ကောင်း
စားရေးဆိုပြီး အသံကောင်း ဟစ်နေတာ၊ ရွာတွေကို ဆက်ကြေး ကောက်တယ်၊ လူငယ်တွေ၊
ကျောင်းသားတွေ၊ အမျိုးသမီးတွေကို လူသစ်အဖြစ် အတင်းအကြပ် လိုက်ဖမ်းတယ်၊
ပြီးရင် သင်တန်းတက်ခိုင်းပြီး တာဝန်ထမ်းဆောင်ခိုင်းတယ်၊ သူတို့
လူကြီးပိုင်းတွေကတော့ နိုင်ငံခြားမှာ တိုက်တွေ၊ ကားတွေနဲ့၊ အောက်ခြေကအဖွဲ့တွေမှာ စားစရာတောင် နပ်မမှန် ဘူး၊ အလုပ်ကြတော့
အသက်နဲ့ရင်းပြီး လုပ်နေရတာ၊ လက်အောက်ခံ KIA အဖွဲ့တွေက လစာလည်း ပုံမှန်မရ၊
အစားအသောက်ကလည်း ၀၀လင်လင် မစားရတော့ စိတ်ဓာတ်ကျနေမှာပဲ၊ အဲဒါကြောင့်
ထွက်ပြေးတာနေမှာပေါ့ ’’ ဟု လုထောင် ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောပြပါသည်။
KIA အဖွဲ့သည် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသောကြောင့် ထိခိုက်ကျဆုံးမှုများရှိနေပြီး ခေါင်းဆောင် လူကြီးများသာ ကောင်းစားနေသော်လည်း
လက်အောက်ခံအဖွဲ့များသည် ပင်ပန်းဆင်းရဲနေခြင်း၊ အကျိုးခံစားခွင့်
မရှိခြင်းတို့ကြောင့် စိတ်ဓာတ်များ ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
နော်ဂျာ
No comments:
Post a Comment