၂၀၁၅ စက်တင်ဘာ ၁၇
Credit >>> Shan News
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၊
မယ်လုကျေးရွာနှင့် ပန်ကွဲကျေးရွာသို့ စက်တင်ဘာလ ၁၃ရက်နှင့် ၁၄
ရက်နေ့တို့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရှမ်းပါတီများ ကိုသာ
မဲပေးရန် ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်သွားကြောင်း
ယင်းကျေးရွာသားများထံမှ သိရသည်။
“
ကျွန်တော်တို့ရွာကို လက်နက်ကိုယ်စီနဲ့ အများကြီး ရောက်လာတယ်၊
ကျွန်တော်တို့ရွာသားတွေလည်း သူတို့ အဖွဲ့က အများကြီးဆိုတော့ လူသစ်နဲ့
ဆက်ကြေး ကောက်မယ် ထင်တာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ခေါ်ပြီး
ရွာသားတွေကို စုခိုင်းတယ်၊ သူတို့အဖွဲ့ခေါင်းဆောင်က ခင်ဗျားတို့ရွာကို
ဆက်ကြေးမကောက်ဘူး၊ လူသစ် မစုဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်တို့က
ရှမ်းလူမျိုးတွေဖြစ်နေတဲ့အတွက် SNLD ပါတီနဲ့ SNDP ပါတီတွေကိုမဲပေးရမယ်၊
အခြားပါတီတွေ မဲထည့်ရင်ခင်ဗျားတို့ ရွာတွေကို ဒီထက်ပိုပြီး လူသစ်စုမယ်၊
ဆက်ကြေး ကောက်မယ်”ဟု ပြောကြောင်း မယ်လုကျေးရွာသားတစ်ဦးမှ ပြောပါသည်။
“RCSS/SSA အဖွဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က ကျွန်တော်တို့ရွာကိုရောက်တယ်၊
ရွာသားတွေအားလုံး ကို စုခိုင်းတယ်၊ ရှမ်းပြည်နယ်မှာနေပြီး
ရှမ်းလူမျိုးတွေဖြစ်တဲ့အတွက် အခြားမည်သည့်ပါတီမှ မဲမထည့်နဲ့၊ ကြိုက်ကြိုက်
မကြိုက်ကြိုက် ရှမ်းပြည်နယ်နဲ့ ရှမ်းလူမျိုးကိုယ်စားပြုတဲ့ SNLD ပါတီနဲ့
SNDP ပါတီကိုသာ မဲထည့်ရမယ်ဆိုပြီး အတင်းအကြပ် ခြိမ်းခြောက်သွားတယ်”ဟု
ပန်ကွဲကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ပြောပါ သည်။
RCSS/SSA အဖွဲ့သည်
မဲဆွယ်စည်းရုံးရမည့်တာဝန်မှာ သူ့တို့အဖွဲ့၏ တာဝန်မဟုတ်ဘဲ ပါတီတွေကသာ
စည်းရုံးရမည့် တာဝန်ဖြစ်ပါလျက် လက်နက်ဖြင့်ခြိမ်ခြောက် အနိုင်ကျင့်ပြီး
မိမိမကြိုက်သည့်ပါတီကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အတင်းအကြပ်
မဲထည့်ခိုင်းခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းကို
ချိုးဖောက်ရာ ရောက်ကြောင်း မိုင်းပျဉ်းမြို့မှ ဒေသခံရှေ့နေတစ်ဦးမှ
ပြောပါ သည်။
စိုင်းသီဟCredit >>> Shan News
No comments:
Post a Comment