၂၀၁၅ စက်တင်ဘာ ၁၆
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကျိုင်းတောင်းမြို့နယ်ခွဲ၊ ဟိုဟကျေးရွာအုပ်စု၊ နားပုံးကျေးရွာအနီးရှိ သစ်လုပ်ငန်း လုပ်ကိုင်သူ
များအား စက်တင်ဘာလ ၁၂ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ်
ကောက်ခံ သွား ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။
“သူတို့အဖွဲ့က
ကျွန်တော်တို့ သစ်စက်ကိုရောက်လာပြီး သစ်စက်လုပ်မယ်ဆိုရင် ခွင့်ပြုမယ်လို့ပြောတယ်၊ ဒါပေမယ့်
တစ်လကို ဆက်ကြေးငွေ ၅ သိန်းနှုန်း လစဉ်ပေးရမယ်၊ ဒီမြို့နယ်အတွင်းက အဆင်ပြေတဲ့ ကျေးရွာ အုပ်စုတွေမှာ
လုပ်ကိုင် နိုင်တယ်ဆိုပြီး ပြောသွားတယ်” ဟု သစ်စက်ပိုင်ရှင်တစ်ဦးမှ ပြောပါသည်။
RCSS/SSA အဖွဲ့သည် ကျိုင်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဖိုးဝှီးယာဉ်တစ်စီးလျှင် (၅) သိန်းကျပ်၊ ထော်လာဂျီ အကြီးတစ်စီးလျှင် (၄) သိန်းကျပ်နှင့် ထော်လာဂျီ အသေးတစ်စီးလျှင် (၃) သိန်းကျပ်နှုန်း သတ်မှတ်၍ ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံနေသောကြောင့် ဖိုးဝှီးကားနှင့် ထော်လာဂျီပိုင်ရှင်များမှ မကျေနပ်ကြကြောင်း သိရသည်။
RCSS/SSA အဖွဲ့အနေဖြင့် ဒေသခံလုပ်ငန်းရှင်များအား သစ်စက်လုပ်ပိုင်ခွင့်များပေး၍ ဆက်ကြေးငွေ များ ကောက်ခံနေခြင်းမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟုတ်ဘဲ ၎င်းတို့ကိုယ်ကျိုးစီးပွား ကိုသာ ပြုလုပ်နေခြင်းဖြစ်ကြောင်းနှင့် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရေး ဆောင်ရွက်နေသည့် ကာလတွင် ယင်းအဖွဲ့အနေဖြင့် ယခုကဲ့သို့ လုပ်ရပ်မျိုးကို ရှောင်ကြဉ်သင့်ပြီ ဖြစ်ကြောင်း နားပုံးကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ဆက်လက်ပြောကြားသွားသည်။
ခွန်စစ်အောင်RCSS/SSA အဖွဲ့သည် ကျိုင်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဖိုးဝှီးယာဉ်တစ်စီးလျှင် (၅) သိန်းကျပ်၊ ထော်လာဂျီ အကြီးတစ်စီးလျှင် (၄) သိန်းကျပ်နှင့် ထော်လာဂျီ အသေးတစ်စီးလျှင် (၃) သိန်းကျပ်နှုန်း သတ်မှတ်၍ ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံနေသောကြောင့် ဖိုးဝှီးကားနှင့် ထော်လာဂျီပိုင်ရှင်များမှ မကျေနပ်ကြကြောင်း သိရသည်။
RCSS/SSA အဖွဲ့အနေဖြင့် ဒေသခံလုပ်ငန်းရှင်များအား သစ်စက်လုပ်ပိုင်ခွင့်များပေး၍ ဆက်ကြေးငွေ များ ကောက်ခံနေခြင်းမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟုတ်ဘဲ ၎င်းတို့ကိုယ်ကျိုးစီးပွား ကိုသာ ပြုလုပ်နေခြင်းဖြစ်ကြောင်းနှင့် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရေး ဆောင်ရွက်နေသည့် ကာလတွင် ယင်းအဖွဲ့အနေဖြင့် ယခုကဲ့သို့ လုပ်ရပ်မျိုးကို ရှောင်ကြဉ်သင့်ပြီ ဖြစ်ကြောင်း နားပုံးကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ဆက်လက်ပြောကြားသွားသည်။
Credit >>> Shan News
No comments:
Post a Comment