၂၀၁၅ စက်တင်ဘာ ၁၆
UWSA “၀’’ အဖွဲ့သည် ဖမ်းဆီးသွားသော တပ်ဖွဲ့ဝင်နှင့် တပ်ပြေး ၇ ဦးတို့ အား မိုင်းပေါက်ဒေသ သို့ ခေါ်ဆောင် သွားခဲ့ကြောင်း၊ ၎င်းတို့အား ယခင် တာဝန်ထမ်းဆောင်ခဲ့သော နေရာများ၌ ပြန်လည်တာဝန် ထမ်းဆောင်ရန် စီစဉ်ထားကြောင်း၊ ကျန်ရှိနေသေးသော တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ပြေးများကိုလည်း စည်းရုံးထားကြောင်း၊ အချိန်မရွေးပြန်လာနိုင်ကြောင်းနှင့် ပြန်လာသော တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာနေရာ အသီးသီး၌ တာဝန်ထမ်းဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ အချို့ထွက်ပြေးနေသူများမှာ ပြန်မလိုက် ချင်သောကြောင့် အခြားမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရပါသည်။
စိုင်းနော်
Credit >>> Shan News
“ အုပ်ချုပ်ရေးမှူးရုံးကို ကား ၄ စီးနဲ့ UWSA “၀’’ အဖွဲ့တွေလာတာတွေ့တယ်၊
သူတို့ တပ်ဖွဲ့ဝင်ဟောင်းတွေ နဲ့ တပ်ပြေးတွေကို ပြန်ခေါ်ဖို့ လာစည်းရုံးတာလို့တော့ ကြားတာပဲ၊
လောလောဆယ်တော့ တပ်ဖွဲ့ဝင်ဟောင်း ၃ ယောက် နဲ့ တပ်ပြေး ၄ ယောက် ပြန်ဖမ်းဆီးခံထားရတယ်၊
သူတို့ကိုလည်း ပြန်လိုက်ဖို့ စည်းရုံးတယ်၊ မလိုက်ချင်ဘူးပြောတော့ ကားပေါ်ကို ဇွတ်အတင်းဆွဲတင်တော့တာပဲဗျာ ၊
အသာတကြည် မလိုက်ရင် ဖမ်းဆီးအပြစ်ပေးအရေးယူမယ်လို့ ခြိမ်းခြောက်တယ်၊ လက်အောက်ငယ်သားတွေက
စားရမဲ့သောက်ရမဲ့ ဘ၀ဆိုတော့ ဘယ်နေချင်မှာ လဲဗျာ” ဟုမိုင်းဖျန်မြို့ခံတစ်ဦးက ပြောပြသည်။
UWSA “၀’’ အဖွဲ့သည် ဖမ်းဆီးသွားသော တပ်ဖွဲ့ဝင်နှင့် တပ်ပြေး ၇ ဦးတို့ အား မိုင်းပေါက်ဒေသ သို့ ခေါ်ဆောင် သွားခဲ့ကြောင်း၊ ၎င်းတို့အား ယခင် တာဝန်ထမ်းဆောင်ခဲ့သော နေရာများ၌ ပြန်လည်တာဝန် ထမ်းဆောင်ရန် စီစဉ်ထားကြောင်း၊ ကျန်ရှိနေသေးသော တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ပြေးများကိုလည်း စည်းရုံးထားကြောင်း၊ အချိန်မရွေးပြန်လာနိုင်ကြောင်းနှင့် ပြန်လာသော တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာနေရာ အသီးသီး၌ တာဝန်ထမ်းဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ အချို့ထွက်ပြေးနေသူများမှာ ပြန်မလိုက် ချင်သောကြောင့် အခြားမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရပါသည်။
စိုင်းနော်
Credit >>> Shan News
No comments:
Post a Comment