Thursday, September 17, 2015

နယ်မြေခံ ရဲကင်းအား KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်

၂၀၁၅ စက်တင်ဘာ ၁၇ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ၊ ကျင်ဆန်းကျော့ဂိတ်အနီး နယ်မြေခံ ဟိုနောင်ရဲကင်း အား စက်တင်ဘာလ ၁၅ ရက်နေ့တွင် KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် စက်တင်ဘာလ ၁၅ ရက်နေ့ ၁၂ နာရီတွင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ၊ ကျင်ဆန်းကျော့ဂိတ်အနီး နယ်မြေခံဟိုနောင်ရဲကင်းသို့ရာက်ရှိလာပြီး ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များအားထွက်ခဲ့ဟု ကချင်စကားဖြင့်အ်ာဟစ်၍ ရဲကင်းအား လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ရာ ရဲကင်းမှပြန်လည်ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း ရဲအရာရှိ တစ်ဦး ၏ ပြောပြချက်အရ သိရသည်။

ဒီကင်းတဲမှာ ရဲတွေကို လက်နက်တပ်ဆင်ထားပေးလို့ တော်သေးတယ်၊ နောက်ပိုင်းမှာ KIA အဖွဲ့က အခုလိုပဲ မကြာ ခဏလာလာပစ်နေလို့ ရဲတွေလည်း သတိထားပြီးတော့ နေနေရတယ်။ ဒါနဲ့ပတ်သက်ပြီး SSA အဖွဲ့ကလည်း သူတို့ နယ်မြေထဲကိုလာပြီး အခုလို လုပ်တယ်ဆိုတော့ မကျေမနပ် ဖြစ်နေတယ်လို့ ကြားတာပဲ၊ ဘာတွေ ဆက်ဖြစ်အုံးမလဲ မသိပါဘူးဗျာ၊ ကျွန်တော်တို့ ရွာသားတွေကတော့ နီးရာဓားကြောက်နေရတာပါပဲဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပြပါသည်။

ယခုလို KIA အဖွဲ့၏ လုပ်ရပ်သည် ငြိမ်းချမ်းရေးကို ပျက်စီးစေမည့် အရိပ်အယောင်များခံစားမိကြောင်းနှင့် တိုင်းရင်းသားတို့၏ ငြိမ်းချမ်းစွာနေထိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေး ရည်မှန်းချက်မှာလည်း တဖြည်းဖြည်း ဝေးကွာလာနေကြောင်း ပန်ဆိုင်းမြို့ ဒေသခံရှေ့နေတစ်ဦးက ပြောကြားခဲ့ပါသည်

စိုင်းနောင်(ဖားကန့်)
Credit >>> Kachin Daily News

No comments:

Post a Comment