၂၀၁၅ စက်တင်ဘာ ၁
ထိုသို့ ရှာဖွေရာတွင် ကူရှင်းချဲ့(ခ)မာဝမ်(ကျား)မှ နေအိမ်တွင် အသင့်ရှိနေပြီး နေအိမ်အား ဆက်လက် ရှာဖွေရာတွင် နေအိမ်အတွင်း ယာဘက်ရှိ ၎င်းအိပ်သည့် အခန်းအတွင်း ထပ်ခိုးပေါ်မှ အဖြူရောင် မြွေရေခွံ အိတ်(၁)လုံးအတွင်းမှ စုစုပေါင်း အလေးချိန်(၅.၂၅)ကီလိုဂရမ်ရှိ ဘိန်းဖြူ ဘလောက်တုံး (၁၅)တုံး နှင့် Wy နှင့် 1 နှင့် Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၈၉,၁၅၀)ပြား အပြင် အလေးချိန်(၉.၈) ကီလိုရှိသည့် ဘိန်းစိမ်း(၇)ထုပ်တို့ကို ရှာဖွေတွေ့ရှိရာ စုစုပေါင်း ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း(၄၉၃၁)သိန်းရှိကြောင်း သိရသည်။
Credit >>>Tachileik News
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်မြို့တွင် ကျပ်သန်းပေါင်း
(၄၉၃)သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို သြဂုတ်လ(၂၉)ရက်
နေ့လည်ပိုင်းက ဖမ်းဆီးရမိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့မှ သိရသည်။ မူးယစ် တပ်ဖွဲ့စု(၂၂) မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည်
မူးယစ်တပ်ဖွဲ့စု(၁၀၂) နေပြည်တော်မှ တပ်ဖွဲ့ဝင်များနှင့်
မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ
ပူးပေါင်းအဖွဲ့တို့ဖြင့် မူးယစ်ဆေးဝါးသတင်းအရ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊
ခိုဝိန်းရပ်ရှိ ကူရှင်းချဲ့(ခ)မာဝမ်(ကျား) ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာမှ
မူးယစ်ဆေးဝါးများကို ရှာဖွေရရှိတာဖြစ်ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာတွင် ကူရှင်းချဲ့(ခ)မာဝမ်(ကျား)မှ နေအိမ်တွင် အသင့်ရှိနေပြီး နေအိမ်အား ဆက်လက် ရှာဖွေရာတွင် နေအိမ်အတွင်း ယာဘက်ရှိ ၎င်းအိပ်သည့် အခန်းအတွင်း ထပ်ခိုးပေါ်မှ အဖြူရောင် မြွေရေခွံ အိတ်(၁)လုံးအတွင်းမှ စုစုပေါင်း အလေးချိန်(၅.၂၅)ကီလိုဂရမ်ရှိ ဘိန်းဖြူ ဘလောက်တုံး (၁၅)တုံး နှင့် Wy နှင့် 1 နှင့် Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၈၉,၁၅၀)ပြား အပြင် အလေးချိန်(၉.၈) ကီလိုရှိသည့် ဘိန်းစိမ်း(၇)ထုပ်တို့ကို ရှာဖွေတွေ့ရှိရာ စုစုပေါင်း ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း(၄၉၃၁)သိန်းရှိကြောင်း သိရသည်။
ယင်းမူးယစ်ဆေးဝါးများသည် ကွမ်းလုံမြို့မှ မူဆယ်မြို့သို့
မော်တော်ယာဉ်ဖြင့် သယ်ဆောင် လာခဲ့ခြင်းဖြစ်ကြောင်း လက်ဝယ်တွေ့ရှိရသူ၏
ထွက်ဆိုချက်အရ သိရသည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား
လက်ဝယ်တွေ့ရှိရသူ ကူရှင်းချဲ့(ခ)မာဝမ်(ကျား) နှင့် ပို့ဆောင်ရန် စေခိုင်းသူ
ရန်စိမ်းကျာ(ကျား)(ဖမ်းမမိသေး)နှင့် လာရောက်ပို့ဆောင်ပေးသူ
လောက်အယ်(ကျား)(ဖမ်းမမိသေး)တို့ (၃)ဦးအား မူဆယ်မြို့မရဲစခန်းတွင်
မယ(ပ)၁၀၆/၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားရှိကြောင်း
သိရှိရသည်။
Credit >>>Tachileik News
No comments:
Post a Comment