၂၀၁၅ သြဂုတ် ၃၁
Credit >>> Shan News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ အူမူးကျေးရွာရှိ
နယ်မြေခံရဲကင်းအား သြဂုတ်လ ၂၉ ရက်နေ့တွင် TNLA အဖွဲ့မှ
မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ TNLA အဖွဲ့မှ အင်အား ၃၀ ခန့်သည် သီပေါမြို့နယ် ၊
အူမူးကျေးရွာသို့ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင်
ရောက်ရှိလာပြီး ကျေးရွာနယ်မြေခံရဲကင်းအတွင်းရှိ အုတ်စီသွပ်မိုး ၆ ခန်းတွဲ ၂
လုံး၊ အချုပ်ခန်း ၁ ခန်း၊ ရုံးခန်း ၁ ခန်း၊ ကင်းတဲသေး ၁ လုံး၊
လူပျိုအိပ်ဆောင် ၁ လုံးတို့ ရှိတဲ့အနက်မှ အချုပ်ခန်းနှင့် ရုံးခန်းအား
မီးရှို့ဖျက်ဆီးကာထွက်ခွာသွားကြောင်း အမည်မဖော်လိုသူ
ကျေးရွာအုပ်ချုပ်ရေးမှူး မှ ပြောပါသည်။
“ဒီရဲကင်းမှာ အရင်ကတော့
ရဲတွေနေတယ်ဗျ၊ နောက်ပိုင်းမှာ TNLA အဖွဲ့က အခုလိုပဲ မကြာခဏ လာလာပစ်နေလို့
သီပေါရဲစခန်းမှာ ပြောင်းနေကြတယ်၊ အခုတော့ ရဲတွေပြန်လာနေမယ်လို့ ပြောတယ်ဗျ၊
ဒါနဲ့ ပတ်သက်ပြီး SSA အဖွဲ့ကလည်း သူတို့နယ်မြေထဲကို လာပြီး အခုလို လုပ်တယ်
ဆိုတော့ မကျေမနပ် ဖြစ်နေတယ်လို့ကြားတာပဲ၊ ဘာတွေ
ဆက်ဖြစ်အုံးမလဲမသိပါဘူးဗျာ၊ ကျွန်တော်တို့ရွာသားတွေ ကတော့
နီးရာဓါးကြောက်နေရတာပါဘဲ၊ ” ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။
ယခုလို TNLA
အဖွဲ့၏ လုပ်ရပ်သည် ငြိမ်းချမ်းရေးကို ပျက်စီးစေမည့်
အရိပ်အယောင်များခံစားမိကြောင်းနှင့် တိုင်းရင်းသားတို့၏
ငြိမ်းချမ်းစွာနေထိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေး ရည်မှန်းချက်မှာလည်း
တဖြည်းဖြည်း ဝေးကွာလာနေကြောင်း သီပေါမြို့ ဒေသခံရှေ့နေတစ်ဦးက
ပြောကြားခဲ့ပါသည်။
စိုင်းပေါင်ခေးCredit >>> Shan News
No comments:
Post a Comment