၂၀၁၅ သြဂုတ် ၃၁
Credit >>> Shan News
KIA တပ်ဖွဲ့မှ ကချင်ပြည်နယ်အတွင်းရှိ သျှမ်းရွာမှ ရွာသားများကို
ဖမ်းဆီးပြီး KIA တပ်သားအဖြစ် တာဝန်ထမ်းဆောင်စေခဲ့သည့် သျှမ်းအမျိုးသားသုံးဦး
စစ်ကြောင်းထွက်ချိန်၌ တပ်မှ ထွက်ပြေးသောကြောင့် KIAတပ်မှ သူ့တို့ ဇနီးထံ
ငွေညစ်တောင်းယူ။
လွယ်ဂျေမြို့နယ်
မိန်းဝမ်းအုပ်စု နောင်ပုန်ရွာသား စိုင်းမိုဟောင်း အသက် ၃၀
ကျော်၊စိုင်းဆွဲ့ငင်း အသက် ၃၂ နှစ် နှင့် စိုင်းလောင်အန် အသက်၂၉ နှစ်တို့၃
ဦးကို လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက KIA တပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန်
တပ်သားသစ်အဖြစ်ဖမ်းဆီးခဲ့သည့် သူများဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း၌ ရှေ့တန်း ထွက်ရချိန် တရုတ်ပြည်ဘက်ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း
ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါတယ်။
၎င်းတို့ ၃ ဦး
စစ်တပ်မှ ထွက်ပြေးပြီး တရုတ်ပြည်ဘက် တိမ်းရှောင်နေ သည်ကို အကြောင်းပြပြီး
လွန်ခဲ့သည့် ၂၁ ရက်နေ့တွင် KIA တပ်ဖွဲ့မှ ၄င်းတို့ ၃ ဦး၏သားမယားများကို ၎
ရက်ကြာဖမ်းဆီး သွားပြီး ၂၅ ရက်နေ့မှ ပြန်လည်လွတ်ပေးခဲ့သော်လည်း
မလွတ်ပေးခင်မှာ ၄င်းတို့ ခင်ပွန်းထွက်ပြေးသောကြောင့် တစ်ဦးလျှင် တရုတ်ငွေ
ယွမ် ၄ ထောင်(မြန်မာငွေ ဂ သိန်းကျော်) ကို KIA တပ်ဖွဲ့ထံ ၂၆ ရက်နေ့ နံနက်၌
လာရောက်သွင်းပေးရန် အမိန့်ပေးခဲ့ကြောင်း သိရှိရပါတယ်။
ဆက်လက်ပြီး KIA
တပ်ဖွဲ့မှ နင်တို့ ဒီတစ်ခါ ငွေလာသွင်းပြီး ၃ ရက်အတွင်း
ငွေသွင်းပြီးကြောင်းဖြတ် ပိုင်း ရေးပေးမယ်လို့လည်းပြောခဲ့ကြောင်း။ အလားတူပင် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း၌လည်း ၄င်းတို့ မိသားစု ၃ဦးထံသို့
ခင်ပွန်းသည် တပ်မှထွက်ပြေးခြင်းကြောင့် တစ်အိမ်ထောင်ကို တရုတ်ငွေ ၎
ထောင်ပေး လျှင် သူတို့ကိုလွတ်ပေးမည် ငွေကိုလည်း ဒီတစ်ခါပဲတောင်းမည်ဟု KIA မှ
ပြောခဲ့သော်လည်း ဒီတစ်ခါနောက် တစ်ကြိမ်ပေးသွင်းရခြင်းမှာ KIA တပ်မှ
ထုတ်ပေးသည့် ငွေဖြတ်ပိုင်းမရှိလို့ ပြန်တောင်း ရတာဖြစ်ကြောင်း သိရှိရပါတယ်။
KIA တပ်ဖွဲ့မှ သျှမ်းရွာသားများကို တပ်သားသစ်စုဆောင်းခြင်း သာမက
အကြောင်းအမျိုးမျိုးပြပြီး ငွေ ညစ် တောင်းရမ်းခြင်းနှင့်
လုပ်အားပေးခေါ်ယူခြင်းစသည့်အပြု အမူများ ပြုလုပ်နေသည် ဟုလည်း သိရ ပါတယ်။
KIAတပ်မှ ဘောလုံးပွဲကျင်းပမည်ဟု အကြောင်းပြပြီး ကျေးရွာအုပ်စုများထံ
ငွေညစ်တောင်းရမ်းခဲ့သည်။ မိန်းဝမ်းအုပ်စု လွယ်ဂျေ ရွာ(၈)ရွာထဲမှ
အုံလုံရွာ၊ဝိန်းဟိုင်းရွာ၊မန့်လင်ရွာ စသည့်ရွာ သုံးရွာတွင် တစ်ရွာလျှင်
တရုတ်ငွေ ၁၅၀ ယွမ်ပေးသွင်းရပြီး ၄င်း ၃ ရွာမှ လွဲပြီး ကျန်ရွာများမှာတော့
တစ်ရွာလျှင် တရုတ်ငွေ ယွမ် ၁ ထောင်ပေးသွင်းရပြီး ဘောလုံးပွဲ၌
ပါဝင်ကစားခွင့်ကိုတော့ အသက် ၄၀ ကျော် လူကြီးပိုင်းကိုသာ
ပါဝင်ကစားရန်ခွင့်ပြု ခဲ့ကြောင်း သိရှိရပါတယ်။
KIA တပ်မှ
ကချင်ပြည်နယ်အတွင်းရှိ သျှမ်းရွာများကို အကြောင်းမျိုးမျိုးဖြင့်
နှိပ်စက်နေခြင်းမှာ သျှမ်းအမျိုးသား များ ကချင်ပြည်နယ်အတွင်း၌
မနေနိုင်အောင် နည်းမျိုးစုံသုံးပြီး နှိပ်စက်နေသည် ဖြစ်ကြောင်း
ဒေသခံ တစ်ဦးမှ သုံးသပ်ပြောပြခဲ့ပါတယ်။
Credit >>> Shan News
No comments:
Post a Comment