၂၀၁၅ သြဂုတ် ၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာသို့ TNLA (ပလောင်) သောင်းကျန်းသူ အဖွဲ့မှ သြဂုတ်လ
၅ရက်နေ့ ည ၇နာရီခွဲခန့်တွင် လက်နက်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ကျေးရွာသူကြီး အား ခေါ်ယူ၍
၎င်းတို့ အဖွဲ့အတွက် တပ်သားသစ် ၈ဦးပေးရန်နှင့် မပေးနိုင်ပါက ရွာအားမီးရှို့ဖျက်ဆီးမည် ဟု
ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ရွာသူကြီးမှ ကျေးရွာအတွင်းရှိ ရွာသားများအား TNLA (ပလောင်)
အဖွဲ့သို့ တပ်သားသစ်အဖြစ် ၀င်ရောက်ရန်အတွက် မဲနှိုက်ပြီး ဆုံးဖြတ်ခဲ့ရာ ပန်ကွမ်ကျေးရွာသားများ ဖြစ် ကြသော
ပေါ်အေးရွှေ၊ ထွန်းခိုင်၊ ဘအောင်၊ အိုက်မောင်၊ ထွန်းတင့်၊ အိုက်ဝင်း၊ အိုက်မြတ်၊ ကျော်ခိုင်
တို့ ၈ဦးအား ၄င်းတို့အဖွဲ့သို့ ထည့်ပေးလိုက်ကြောင်း ပန်ကွမ်ကျေးရွာနေ ရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
TNLA (ပလောင်) သောင်းကျန်းသူ အဖွဲ့သည် ဆက်ကြေးကောက်ခြင်း၊ ရွာသားများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ လူသစ်စုခြင်း၊ နိုင်ထက်စီးနင်း ပြုလုပ်ခြင်းများအား လက်နက်အားကိုးဖြင့် မကြာ ခဏ ပြုလုပ်လေ့ရှိသောကြောင့် ဒေသခံပြည်သူများမှာ ကျေးရွာအတွင်း နေထိုင်ခြင်းမရှိတော့ဘဲ အခြားမြို့ နယ်များ သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။
No comments:
Post a Comment