၂၀၁၅
သြဂုတ် ၂၅
၂၀၁၅ သြဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် မူဆယ်မြို့၊ ဈေးရပ်ကွက်၊ မူဆယ်-နမ့်ခမ်း ပြည်ထောင်စုကားလမ်းမကြီး ယာဘက်ရှိ အင်းဝဘဏ်၌ ပေါက်ကွဲမှုကြောင့် ဘဏ်ရှေ့မျက်နှာ စာ မြေညီထပ်ရှိ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ လေကာမှန် ၁ချပ်၊ အဆောက်အဦ ပထမထပ် ရှေ့မျက်နှာ စာ ယာဘက်ရှိ အလျား၂၀ ပေ၊ အနံ ၁၀ ပေရှိ မှန် ၁ချပ်၊ အလယ်ရှိ အလျား ၁၀ ပေ၊ အနံ ၁၀ပေရှိ မှန် ၁ချပ် နှင့် အဆောက် အဦ ယာဘက်ဘေးလှေကား အထက်ရှိ အလင်းဝင်ပေါက်တွင် တပ်ဆင်ထားသော အလျား ၂ ပေ၊ အနံ ၂ ပေရှိ မှန် ၁ချပ်၊ စုစုပေါင်း မှန် ၄ချပ်ကွဲကြေပျက်စီးခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ စစ်ဆေးချက်
အရ ဘဏ်ခြံစည်းရိုးဝင်းအတွင်း ဘဏ်အဆောက်အဦနှင့် ဆင်ဝင်တိုင်ကြားရှိ ကွန်ကရစ်ကြမ်းခင်းပေါ်တွင်
အကျယ် ၃ လက်မခန့်၊ အနက် ၁ လက်မခွဲခန့်ရှိ ကျင်း ၁ ကျင်းနှင့် အနီးရှိ အဆောက်အဦ နံရံတွင်
ယမ်းခိုးများ သာ တွေ့ရှိရပြီး အခြားမိုင်းအစအနများ မတွေ့ရှိသည့်အတွက် အသံမိုင်း ၁ လုံးပေါက်ကွဲမှု
ဖြစ်နိုင်သည်ဟု သုံးသပ် ကြကြောင်း သိရသည်။
အဆိုပါဘဏ်သည် မူဆယ်-နမ့်ခမ်း ပြည်ထောင်စုကားလမ်းမကြီးဘေးတွင် တည်ရှိပြီး ခြံစည်းရိုးနှင့် အဆောက်အဦအကွာအဝေးမှာ ပေ ၂၀ ခန့်ရှိကာ ဘဏ်တွင် နေ့/ည လုံခြုံရေးအစောင့် မထားရှိကြောင်း၊ ဘဏ်တွင် မန်နေဂျာ အပါအ၀င် ဘဏ်ဝန်ထမ်းအမျိုးသမီး ၁၁ ဦးသာ ရှိကြောင်းသိရသည်။ ယခုကဲ့သို့ ဆန်ကျင်ဘက်အဖွဲ့အစည်းများ၏ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အေးချမ်း သာယာရေးကို နှောင့်ယှက် ဖျက်ဆီးသည့် အဖျက်အမှောင့်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု များ မြင့်တက်လျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment