၂၀၁၅ သြဂုတ် ၁၉
၂၀၁၅ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့
နံနက် ၁၀ နာရီခွဲ အချိန်ခန့် တွင် SSA(၀မ်ဟိုင်း)အဖွဲ့၊တပ်ရင်း(၈၁၆)မှ ဆက်ကြေးတာဝန်ခံ
ဗိုလ်အဆင့်ရှိ သိန်းဌေးနှင့် အဖွဲ့ဝင်၂ဦး သည် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မျက်ချင်းနုကျေးရွာအုပ်စု၊
နမ့်ဆောင်ဟူးကျေးရွာ၊ နောင်ချို-တောင်ခမ်းလမ်း မိုင်တိုင် ၁၄၃/၂ ရှိ ဦးဝင်းခိုင် ၏ ရွှေနောင်ချိုစက်သုံးဆီအရောင်းဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်တာဝန်ခံအား တွေ့ဆုံ၍ ဆက်ကြေးငွေ အဖြစ် ငွေကျပ် ၁၀ သိန်းပေးရမည်ဖြစ်ကြောင်း၊ မပေးလျှင် ဆိုင်အား မိုင်းခွဲ၍ လူကိုလည်းသတ်ပစ်မည်ဟု အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုပြီး တောင်းခံခဲ့ရာ ဆိုင်တာဝန်ခံ မှ ကြောက်ရွံ့၍
၎င်းတို့တောင်း ခံသော ငွေကျပ် ၁၀ သိန်းအား ပေးဆောင်ခဲ့ရကြောင်း ဒေသခံ တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
၎င်းအပြင် သိန်းဌေးနှင့်အဖွဲ့သည်
မိုင်တိုင် ၁၄၃/၃ ရှိ ဒေါ်သိန်းသိန်း၏ ရွှေဆီလျှံ စက်သုံးဆီအရောင်း ဆိုင်နှင့် တောင်ရပ်ကွက်၊
နောင်ချို-တောင်ခမ်းလမ်းရှိ ဦးရှာနေး၏ ရွှေအိုးစည် စက်သုံးဆီအရောင်းဆိုင်များ သို့ ထပ်မံ
သွားရောက်၍ ဆက်ကြေးတောင်းခံရာ ဆိုင်များမှာ ငွေကြေးအဆင်မပြေသေးကြောင်း၊ အဆင်ပြေပါက ပေးဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ရာ သိန်းဌေးမှ နောက်တစ်ကြိမ် လာရောက်ပါက
မဖြစ်မနေပေးဆောင်ရန် ပြောဆိုခဲ့ပြီး ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ SSA(၀မ်ဟိုင်း)အဖွဲ့သည်
ယခင်လများတွင်လည်း အထက်ပါစက်သုံးဆီအရောင်းဆိုင်များအား လက်နက်ကိုင်ခြိမ်းခြောက် ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ စီးပွားရေးလုပ်ငန်းရှင်များအား ဆက်ကြေးငွေများ အတင်းအကြပ် ခြိမ်းခြောက်ကောက်ခံခြင်း များ ပြုလုပ်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှာ အသက်အန္တရာယ်နှင့်
ရင်ဆိုင်ကြုံတွေ့နေ ကြကြောင်းနှင့် ဆီဆိုင်များမှာလည်း ပိတ်သိမ်းရမလိုဖြစ်နေကြောင်း နမ့်ဆောင်ဟူးကျေးရွာသားတစ်ဦးမှ ဆက်လက် ပြောကြားသွားပါသည်။
No comments:
Post a Comment