Monday, August 24, 2015

မိုင်းနောင်မြို့နယ်ခွဲတွင် RCSS/SSA အဖွဲ့မှ ဆန်၊ ဆီ တောင်းပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ သြဂုတ် ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်ခွဲ၊ ၀မ်ဆင်းကျေးရွာသို့ သြဂုတ်လ ၁၇ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့  ရောက်ရှိလာပြီး ဆန်၊ ဆီများတောင်းရမ်း၍ ဒေသခံရွာသား ၂ ဦး ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရှိရပါသည်။

“ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး ဆန် ၅ ပုံး၊ ဆီ ၅ ပုံးတောင်းတယ်၊ ဆန်နဲ့ဆီကို ရွာက စုပြီးပေးလိုက်ရတယ်၊ ဆန် ရပြန်တော့လည်း ရွာသား ၂ ဦးကို သူတို့က အတင်းဖမ်းခေါ်သွားတယ်၊ ဘာအတွက်ဖမ်းတယ်ဆိုတာ မပြောဘူး၊ သေနတ်တွေကိုင်ထားတော့ ဘယ်သူမှလည်း မမေးရဲကြဘူး၊ ဒီအတိုင်းပဲ ကြည့်နေရတယ် ” ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့မှ ကျေးရွာအတွင်း အတင်းအကြပ်တောင်းထားသော ဆန်၊ ဆီရိက္ခာများအား ၀မ်ဆင်းကျေးရွာ၊ ရပ်ကွက် (၂)မှ ထော်လာဂျီ ၂ စီးဖြင့် ပို့ဆောင်ပေးခဲ့ရကြောင်းနှင့် အနီးပတ်ဝန်းကျင် ရှိ ကျေးရွာများတွင်လည်း လိုက်လံ ကောက်ခံ လျက်ရှိကြောင်း ဒေသခံတစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများအပေါ် ယခုကဲ့သို့ အနိုင်ကျင့်ပြီး ဆန်၊ ဆီတောင်း ရုံတင်မကပဲ ရွာသား ၂ ဦးကိုလည်း အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ယင်းအဖွဲ့ အား ဒေသခံများမှ အယုံအကြည် ကင်းမဲ့နေကြကြောင်းနှင့် မကျေမနပ်ဖြစ်နေကြကြောင်း ၀မ်ဆင်းကျေးရွာသားတစ်ဦးမှ ဆက်လက်ပြောကြား သွားပါ သည်။
ခွန်စစ်အောင်

Credit >>> Shan News

No comments:

Post a Comment