၂၀၁၅ သြဂုတ် ၁၆
ဘရာဇီးနိုင်ငံသား Ricardo Azevedo ဟာ အစဉ်အမြဲ မြင့်တက်နေတဲ့ လောင်စာ
ဓာတ်ငွေ့ ဈေးနှုန်းကြောင့် စိတ်ညစ်နေခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Ricardo
ဟာ သူ့ ရဲ့ စက်ပြင်ကျွမ်းကျင်မှုနဲ့ သားဖြစ်သူရဲ့ ဓာတုဗေဒစာအုပ်က အချက်တွေ
လေ့လာပြီး နောက်မှာ ရေတစ်လီတာဖြည့်ရုံနဲ့ ၁၃၀ မိုင်အထိသွားနိုင် တဲ့
ရေအားသုံးမော်တော်ဆိုင်ကယ်တစ်စီးကို တီထွင်နိုင်ခဲ့ပါတယ်။
“ ဒီဆိုင်ကယ်ရဲ့လက်တွေ့ အသုံးချနိုင်စွမ်းအားလုံးကို ပိုမိုတိုးတက်အောင် ကျွန်တော် မပြုပြင်ရသေးပါဘူး။ ဒါပေမယ့် စမ်းသပ်မှုအချို့ ပြုလုပ်ခဲ့ပြီး တစ်ချို့ အခြေအနေတွေမှာ ဒီဆိုင်ကယ်ဟာ ရေတစ်လီတာကို တစ်နာရီ ၁၃၀ မိုင်အထိ သွားနိုင်ပါတယ်” လို့ Ricardo က ရှင်းပြထားပါတယ်။
လျှစ်စီးကြောင်းက ရေတိုင်ကီထဲ ဖြတ်သန်းပြီး ရေကို လျှစ်စစ်သုံးဓာတ်ခွဲနည်း (electrolysis နည်း) နဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် အဖြစ် ခွဲခြားပေးလိုက်ပါတယ်။ ရလာတဲ့ ဟိုက်ဒရိုဓာတ်ငွေ့ ကို အင်ဂျင် ပါဝါပေးဖို့ အတွက် အသုံးပြုထားတာပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဟိုက်ဒရိုဂျင်ပေါက်ကွဲစွမ်းအင်ကို သုတေသနလေ့လာခြင်းဟာ သိသာစွာ တိုးတက်ခဲ့ပြီ ဖြစ်ပါတယ်။ ရေကနေ စွမ်းအင် ထုတ်ယူတဲ့ ဓာတုဗေဒနည်းစနစ်ကိုလည်း ကောင်းမွန်စွာ နားလည်ကြပြီးဖြစ်တယ်။ မီးလောင်နိုင်စွမ်းကြီးမားတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ကို အန္တရာယ်ကင်းကင်း နဲ့ အသုံးပြုဖို့  နည်းလမ်းမတွေ့ ခင်အထိတော့ ဈေးကွက်တွင်ကျယ်မှာ မဟုတ်သေးပါဘူး။
Azevedo ကတော့ သူ့ ရဲ့ ရေအားသုံးမော်တော်ဆိုင်ကယ် ဒါမှမဟုတ် တခြား ဟိုက်ဒရိုစွမ်းအင်ရနိုင်တဲ့ အရင်းအမြစ်တွေက ရနိုင်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးကျေးဇူးတွေဟာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ထက် အများကြီးအလေးသာ ပါတယ်လို့ ဆိုပါတယ်။
“ ဒါက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိစေတဲ့အပြင် ရုပ်ကြွင်း လောင်စာဆီနေရာမှာ အစားထိုးနိုင်ပြီး ကာဗွန်မိုနောက်ဆိုဒ်ထုတ်လွှတ်မှုကိုလည်း လျော့ချပေးနိုင်ပါတယ်” လို့ Ricardo Azevedo က ရှင်းပြပါတယ်။ Azevedo ဟာ သူ့ ရဲ့ ဆိုင်ကယ်ကို မွမ်းမံပြင်ဆင်မှုတွေ ဆက်လက် လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
( Ye Wint )

Credit >>> သစ်ထူးလွင်(နည်းပညာ)
No comments:
Post a Comment