၂၀၁၅ သြဂုတ် ၃၁
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်
သြဂုတ်လ(တတိယ)ပတ်မှ စ၍ ဒေသခံရွာသား ၅၀ ဦးအား RCSS/SSA အဖွဲ့တစ်ဖွဲ့မှ
လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ
သိရှိရပါသည်။
“
ကျေးရွာအုပ်စုတစ်စုကို ၁၅ ယောက်လောက်ပါသွားတယ်၊ သူတို့ပြောတာကတော့
မူးယစ်ဆေးသုံးမသုံး စစ်ဆေးဖို့လို့ပြောတာပဲ၊ အဲဒီလိုသာ
အကြောင်းအမျိုးမျိုးပြပြီးခေါ်နေရင် ရွာတွေမှာရွာသားတွေ ဆက်ပြီးနေဖို့
အခက်အခဲဖြစ်နေကြတယ်၊ လူငယ်တွေလည်း သူတို့ရန်ကိုကြောက်လို့
ထိုင်းဘက်ကိုသွားပြီး အလုပ်လုပ်နေကြတယ်၊ တချို့လည်းအခြားမြို့တွေကို
ထွက်ပြီးအလုပ်သွား လုပ်နေတဲ့လူတွေရှိတယ်“ ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။
RCSS/SSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံရွာသား ၅၀ ဦးမှာ
လဲချားမြို့နယ်၊ တက်မောက် ကျေးရွာအုပ်စု၊ ၀မ်ထီကျေးရွာအုပ်စု၊
ဝမ်လေကျေးရွာအုပ်စုနှင့် ခွန်ဟုန်းကျေးရွာအုပ်စု များမှဖြစ်ကြောင်း
သိရှိရပါသည်။ အဆိုပါ ဖမ်းဆီးခံရွာသား ၅၀ ဦးအား ယင်းအဖွဲ့နေထိုင်သော
လဲချားမြို့နယ်၊ ဟဲဆိုင်ကျေးရွာ အုပ်စု၊ ၀မ်လုတ်ကျေးရွာအနီးတွင်
ဖမ်းဆီးခေါ်ဆောင်ထားကြောင်းနှင့် အခြားကျေးရွာများတွင်လည်း လူသစ်
ထပ်မံစုဆောင်းလျက်ရှိကြောင်း သိရှိရပါသည်။
RCSS/SSA အဖွဲ့အနေဖြင့်
ဒေသခံရွာသားများအား လူသစ်စုခြင်း၊ ဆက်ကြေးတောင်းခံခြင်းနှင့် ရိက္ခာ
ကောက်ခံခြင်းများကြောင့် အစိုးရနှင့် ၎င်းတို့ခေါင်းဆောင်ပိုင်းများ၏
ငြိမ်းချမ်းရေးဆွေးနွေးမှု အပေါ် ဒေသခံ များမှ ယုံကြည်မှု
ကင်းမဲ့နေကြကြောင်းနှင့် ယင်းအဖွဲ့၏ ယခုလိုကိစ္စများကြောင့်
မကျေမနပ်ဖြစ်နေကြကြောင်း လဲချားမြို့ခံ တစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
စိုင်းအောင်ခမ်းCredit >>> Shan News
No comments:
Post a Comment