Tuesday, August 25, 2015

ပိုက်ဆံလုယက်တရားခံများ ဖမ်းမိပြီ

၂၀၁၅ သြဂုတ် ၂၅


ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင်ယနေ့ မနက် ၁၁း၃၀ အချိန်ခန့်၌ တရုတ်လူလတ်ပိုင်း အရွယ်နှစ်ဦး က 125 ဆိုင်ကယ်စီးကာ မိဘပြည်သူတစ်ဦး၏ ပိုက်ဆံအိတ်ကို လုယက်ထွက်ပြေးခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းတို့ ဆိုင်ကယ်ထွက်ပြေးရာလမ်းသည် မန့်ဟောင်းလုံကျေးရွာမှ နောင်မလုံကျေးရွာသို့ ဦးတည်မောင်းပြေးလျှက်ရှိရာ နှစ်ရွာလုံးမှလူငယ်များ လမ်းကြောင်းပိတ်ကာ  စောင့်ဖမ်းခဲ့ကြကြောင်း သတင်းရပ်ကွက်က ဆိုပါသည်။


 
 

နာင်မရွာကူးတို့ဆိပ်လမ်းကြောင်းအသွား မန့်ဟောင်းရွာနှင့် နောင်မရွာအကြား သချိင်္ိုင်းကုန်းရွှံ့ဗွက်အနား တွင် နှစ်ဘက် ရွာသားများ ပိတ်ညှပ်နေသည့်အတွက် ဆိုင်ကယ်ထားကာ နှစ်ယောက်သားမှ အနီးရှိ နမ့်မောဝ်းမြစ်ထဲသို့ ခုန်ချထွက်ပြေးခဲ့ကြောင်း သိရသည်။ ထွက်ပြေးသူနှစ်ယောက်အနက် တစ်ယောက်က  ရေစီးနှင့်အတူမျောပါသွားခဲ့ကြောင်း၊ မျောပါရင်းတစ်ဘက်ကမ်းသို့ ထွက်ပြေးလွတ်မြောက် သွားဖွယ်ရှိကြောင်း၊ ကျန်တစ်ဦးကတော့ ထွက်မပြေးနိုင်သဖြင့် လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ဖမ်းမိသူသည် နမ့်ဖတ်ကာအမှတ် ၃ ရွာနေ မောင်ကျော်စိန်(ခိုလုံလီရှော) လူမျိုးဖြစ်ကြောင်း၊ လွတ်မြောက် သွားသူသည် နမ့်ခမ်းမြို့နယ် အောင်မေတ္တာရပ်ကွက်မှ တရုတ်လူမျိုးဖြစ်ကြောင်း သတင်းရပ်ကွက်က ပြော ဆိုပါသည်။ ဖမ်းမိတရားခံများအား မန့်ဟောင်းကျေးရွာ ရပ်မိရပ်ဖများက မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

Nam Kham News

No comments:

Post a Comment