Friday, August 28, 2015

လက်နက်ခဲယမ်းများ နှင့် ကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၁၅ သြဂုတ် ၂၈
နေပြည်တော် ၊ ၂၇-၈-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) တာမိုးညဲမြို့၊ နမ့်ဖာတီး ကျေးရွာအနီး တပ်မတော် စစ်ကြောင်းများ က နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် သြဂုတ် ၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါ ကျေးရွာနေ လောင်စီး ၃ဝ နှစ် (ဘ) ဦးထင်ရှန်း ၏နေအိမ်မှ ပီနံအိတ် လေးအိတ်ဖြင့် ထုပ်ထားသော လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၉ တောင့်၊ ပစ္စတို ကျည်အိမ် တစ်ခု၊ မိုင်း တစ်လုံးနှင့် ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၁၄၁၆ဝ ရှိ စိတ်ကြွ မူးယစ်ဆေးပြား အထုပ်ကြီး ၁၁၈ ထုပ် (၇ဝ၈ဝဝဝ)ပြား တို့ကို ပြစ်မှု ကျူးလွန်သူ လောင်စီး (ပုံ) နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ထို့အပြင် နေအိမ် ပတ်ဝန်းကျင် ကို ဆက်လက် ရှင်းလင်းရာ ကျည်အိမ် လေးခု နှင့် လိုင်စင်မဲ့ မော်တော် ယာဉ် တစ်စီးကို ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။ ဖမ်းဆီးရမိ ပြစ်မှုကျူးလွန်သူနှင့် လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Credit >>> PyiChitThar

No comments:

Post a Comment