Sunday, August 16, 2015

KIO အဖွဲ့မှ မူဆယ်မြို့ပေါ်ရှိဘဏ်များသို့ ဆက်ကြေး(အခွန်)များပေးဆောင်ရန် အကြောင်းကြားပေးပို့

၂၀၁၅ သြဂုတ် ၁၆

မူဆယ်မြို့ပေါ်ရှိ ဘဏ်များသို့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် မျက်နှာတွင် မက်(ခ်) အုပ်ထားသော အမည်မသိ အမျိုးသား ၂ ဦးမှ စာများ လိုက်ပြီး ပစ်ချခဲ့ကြောင်း မြို့ခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။  စာပါအချက်အလက်များကို ဖတ်ကြည့်ခဲ့ရာ မူဆယ်မြို့ရှိဘဏ်များသည် KIO တောင်ပိုင်းတိုင်း၊ အမှတ်(၄)တပ်မဟာ နယ်မြေအတွင်းရှိသဖြင့် ဆက်ကြေး(အခွန်)ထမ်းဆောင်ရမည်ဖြစ် ကြောင်း မပေးပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း နှင့် စာထဲတွင်လည်း တရုတ်ဖုန်း ၁၅၉၂၅၄၅၆၆၃၀ နှင့် မြန်မာဖုန်း-၀၉၃၀၅၇၇၆၈၂ သို့ ဆက်သွယ်ရန်လည်းပါရှိသည်။






အထက်ပါစာများအား သြဂုတ်လ ၁၅ ရက်နေ့ရက်စွဲများဖြင့် ပေးပို့ထားပြီး ဆက်ကြေးအခွန်ငွေ ပေးဆောင် ရန် နောက်ဆုံးနေ့မှာ ယခုလ ၂၀ ရက်နေ့ဖြစ်ကြောင်းနှင့် ပေးဆောင်နိုင်ခြင်းမရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားထားကြောင်း   တွေ့ရသည်။ ယခုကဲ့သို့ ဆက်ကြေးတောင်း စာ ပေးပို့ခြင်းသည် ယခုအကြိမ်တွင်မဟုတ်ဘဲ ယခင်လများတွင် ၂ ကြိမ်ခန့် ယခုကဲ့သို့ ဘဏ်များသို့ ဆက်ကြေး တောင်းစာများပေးပို့ခဲ့ကြောင်း ဘဏ်ဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

No comments:

Post a Comment