၂၀၁၅ သြဂုတ် ၁၈
သြဂုတ်လ ၁၇ရက်နေ့ ၀၉၀၀ ချိန်မှ ၁၀၀၀ ချိန်ထိ သီပေါမြို့၊ရွှေကျောင်းရပ်ကွက်ရှိ
ရွှေကျောင်းပရိယတ္တိ သာသနာ့ရိပ်သာ၌ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစက်ချုပ်သင်တန်း
ဖွင့်လှစ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်း၊
သီပေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းရီဝင်း နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးအောင်ခင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အလုပ်အမှုဆောင်အရာရှိ
ဦးစိုင်းဝင်းမြင့် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ချုပ်သင်တန်းနည်းပြ
ဆရာမ ဒေါ်ထွေးပါ(၂)ဦး၊ ရပ်ကွက်/ကျေးရွာများမှ စက်ချုပ် သင်တန်းသူ (၄၀) ဦး၊ စုစုပေါင်း
(၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း၊ ဖွင့်ပွဲတွင် ဒေါ်နှင်းရီဝင်းမှ သင်တန်းဖွင့် လှစ်ရခြင်း၏
ရည်ရွယ်ချက်ကို လည်းကောင်း၊ သင်တန်းနည်းပြ ဆရာမ (၂) ဦးမှ သင်တန်း၌တွေ့ကြုံရမည့် အတွေ့အကြုံများကို
လည်းကောင်း ရှင်းလင်းပြောကြားကာ သင်တန်းဆက်လက်ပို့ချခဲ့ကြောင်း၊ သင်တန်းကာလ မှာ သြဂုတ်လ
၁၇ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment