Monday, August 24, 2015

RCSS/SSA အဖွဲ့မှ စားနပ်ရိက္ခာ ကြပ်တည်းမှုကြောင့် ဆန်၊ ဆီနှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

၂၀၁၅ သြဂုတ် ၂၄



ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်းကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာသို့ သြဂုတ်လ ၂၀ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူ၍ လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ်တောင်းခံခဲ့ကြောင်း ယင်းဒေသခံရွာသားများထံမှသိရသည်။

“ RCSS/SSA အဖွဲ့ဟာ ကျွန်တော်တို့ရွာကို သြဂုတ်လ ၂၀ ရက်နေ့ကအင်အား ၃၀ လက်နက်ကိုယ်စီနဲ့ ည ၈နာရီလောက်ရောက်လာတယ်၊ ရွာက လူငယ်တွေကတော့ ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးသွားကြတယ်၊ သူတို့က ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီးတော့ အိမ်ထောင်စုတစ်စုကို ငွေ ၁၀၀၀၀ ကျပ် ပေးရမယ်၊ ရိက္ခာပြတ်လတ်မှုကြောင့် တစ်အိမ်ထောင်ကို ဆန် ၁၀ ပြည်နဲ့ ဆီ ၁ ပိသာ ပေးဆောင်ရမယ်”ဟု အတင်းအကြပ် ကောက်ခံခဲ့ကြောင်း ကုန်းပေါင်းကျေးရွာသားတစ်ဦးမှ ပြောသည်။

“ ယင်းအဖွဲ့သည် ကောက်ခံရရှိတဲ့ ရိက္ခာ၊ ဆီနှင့် ဆက်ကြေးငွေများကို စက်တင်ဘာလ နောက်ဆုံး ထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် ကောင်းမွန်ကျေးရွာအနီးရှိ တောင်တန်းများအကြားသို့ လာရောက်ပေးဆောင်ရန် မှာကြားခဲ့ကြောင်း ကောင်းမွန်ကျေးရွာသားတစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများထံမှ ဆန်၊ဆီနှင့် ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံပြီး စက်တင်ဘာလ နောက်ဆုံးထားပေးဆောင်ရမည့်အပြင် အကြောင်းအမျိုးမျိုးပြပြီး လူသစ်စုဆောင်း နေမှုများကြောင့် ဒေသခံရွာသားများမှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။
စိုင်းသီဟ

Credit to Shan News

No comments:

Post a Comment