Friday, August 28, 2015

3D နည်းပညာဖြင့် ထုတ်လုပ်ထားသော လက်က James Dyson ဆုဆွတ်ခူး

၂၀၁၅ သြဂုတ် ၂၈



လန်ဒန် ၊ ၂၇-၈-၂၀၁၅

ဗြိတိန်တွင် တက္ကသိုလ်အဆင့် နည်းပညာပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ရာ 3D နည်းပညာဖြင့် ထုတ်လုပ် ထားသည့် နည်းပညာမြင့် လက်တစ်မျိုးမှာ James Dyson ဆုရရှိခဲ့ကြောင်း သိရသည်။


James Dyson ဆုမှာ နိုင်ငံတကာ ကျောင်းသားများ ဖန်တီးသော နေ့စဉ်အစဉ်မပြေမှု များကို ဖြေရှင်းနိုင်သည့် နည်းပညာ ပုံစံများကို ချီးမြှင့်သည့် ဆုတစ်ဆုဖြစ်ပြီး ပြိုင်ပွဲဝင် ကျောင်းသားများ အနေဖြင့် သတ်မှတ်ထားသော နိုင်ငံအချို့ (အာရှတိုက်တွင် ဂျပန်၊ မလေးရှား၊ စင်ကာပူ) ရှိ တက္ကသိုလ် များတွင် ပညာဆည်းပူး ထားရမည် ဖြစ်ကြောင်း သိရသည်။ ယခုအခါ အင်္ဂလန်နိုင်ငံ ပလိုင်းမောက် တက္ကသိုလ်မှ Joel Gibbard အသက် ၂၅ နှစ် ဖန်တီးထားသည့် အဆိုပါ လက်မှာ ပထမဆုံးပုံစံ ထုတ်လုပ်ခြင်း ဖြစ်ပြီး နောင်နှစ်မှသာ စတင်ရောင်းချသွားမည် ဖြစ်သော်လည်း အခြား လက်အတု များထက် ထုတ်လုပ်ရာတွင် ပို၍ လျင်မြန်ပြီး ထုတ်လုပ်မှု စရိတ်လည်း ပိုနည်း သောကြောင့် James Dyson ဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Joel Gibbard က ခြေ၊ လက် ဖြတ်တောက် ထားသော လူနာများကို 3D စကင်ဖတ်၍ သင့်တော်မည့် လက်အတု များကို နှစ်ရက်အတွင်း ဖန်တီးပေးနိုင်သည်ဟု ဆိုသည်။

အဆိုပါ လက်အတုမှာ ကြွက်သားများ လှုပ်ရှားမှုမှ ထုတ်လုပ်သည့် လျှပ်စစ် အချက်ပြမှုများဖြင့် ထိန်းချုပ်နိုင်ရန်အတွက် ဆင်ဆာများကို အသုံးပြုသည်။ ကြွက်သား လှုပ်ရှားမှု တစ်ခုက လက်အတုမှ လက်ချောင်းများကို အပိတ်အဖွင့် လုပ်စေနိုင်ပြီး ကြွက်သား လှုပ်ရှားမှုကို နှစ်ချက် လှုပ်ရှားပေးပါက ပစ္စည်းအသေးများကို ကိုင်ဆောင်နိုင်ရန်အတွက် လက်ချောင်းများက ပုံစံထပ်မံ ပြောင်းလဲနိုင်သည်။ လက်ရှိ အသုံးပြုနေကြသော အလိုအလျောက် အလုပ်လုပ်နိုင်သည့် ခြေအတု လက်အတုများမှာ ထုတ်လုပ်ရန် အတွက် ရက်သတ္တပတ်များမှ လချီအထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

Credit >>> PyiChitThar

No comments:

Post a Comment