ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၏ယခင်နှစ်များ၌ ယခုလိုမိုးရာသီကာလတွင် တောင်ကျရေကြောင့် ရေ ကြီး ရေလျှံမှုဖြစ်ပွားတတ်သည့် ရပ်ကွက်များ
ယခု ၂၀၁၅ ခုနှစ်အတွင်းရေကြီးရေလျှံ မြှုဖစ်ပေါ်ခြင်း မရှိ ခဲ့သောကြောင့် ထိုရပ်ကွက်များနေ ပြည်သူများ
အဆင်ပြေစိတ်ချမ်းသာမှု ရှိနေကြရကြောင်းသိရှိရသည်။
လားရှိုးမြို့တွင် ယခင်ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့သည့် ရပ်ကွက် (၁)၊ နယ်မြေ (၉)၊ နယ်မြေ (၈)နှင့် နယ်မြေ(၁) တွင်နေထိုင်ကြသူများ ယခုနှစ်မိုးဦးဝင်ကာလတွင် ရေဘေးစိုးရိမ်မှု ဖြစ်ခဲ့ကြရသော်လည်း ယခုနှစ်၏မိုးမ၀င်စဉ်အချိန် အတွင်းတွင် သက်ဆိုင်ရာမှ တောင်ကျရေများအဓိကစီးဆင်းသည့် ချောင်းများကို တူးဖော်ခြင်းပြုလုပ်ခဲ့ခြင်းကြောင့် မိုးဦးဝင်စဉ်မှ သြဂုတ်လဆန်းပိုင်းထိပင် ရေကြီးရေလျှံခြင်း လုံးဝ ကိုပင် ဖြစ်ပေါ်ခြင်းမရှိသည့်အတွက် အထူးကိုဘဲ ကျေးဇူးတင်ရှိကြကြောင်း ပြောဆိုလျှက်ရှိနေကြသည်။
ရပ်ကွက်
(၁)နယ်မြေ (၁)တွင် နေထိုင်လျှက်ရှိသော ဦးသစ်လွင်ဆိုသူမှ ပြောပြသည်မှာ ကျွန်တော်တို့နေအိမ်နေရာက
ကျွန်းကြီးလိုဘဲ မိုးတွင်းတောင်ကျရေ စီးဆင်းပြီဆို ရေစီးချောင်းတွေ ကလည်း ရှိသင့်သလောက် ဖောက်လုပ်ထားခြင်းမရှိတော့ ရေတက်လာတော့တာဘဲ အရင်ခုလို လူနေအိမ် ကွက်တွေမရိုက်ခင်ကလည်း
ဒီနေရာတွေက လယ်ကွက်တွေဆိုတော့ လယ်မြေတွေအတွက် ရေသွင်းဖို့ ဟိုတုန်းက ရေစီးမြောင်းတွေ ဖောက်ခဲ့တာကနေ ခုလိုအိမ်ကွက်တွေ ရိုက်တဲ့ထိ အဲ့ဒီမြောင်းတွေ ကဘဲ ရေစီးမြောင်းဖြစ်သွားခဲ့တာ အခုကတော့ ရေစီးမြောင်းတွေချဲ့တာရယ် အနက်တူးတာရော ဆိုတော့ ချောင်းကြီးတွေလိုဖြစ်ပြီး ရေမတက်တော့ဘူး စိတ်ချရသလောက်ကိုဖြစ်ပါပြီ… အိမ်တိုင်းလိုဘဲ ဒီနှစ်မှာ ပျှော်နေကြပြီ ဟု ပြောပြခဲ့၍သိရှိရသည်။
သစ္စာ(LashioMediaGroup)
No comments:
Post a Comment