Tuesday, August 18, 2015

TNLA သောင်းကျန်းသူအဖွဲ့မှ မူဆယ်မြို့နယ်၊ (၁၀၅)မိုင် မိုင်းယုကျေးရွာ ရှိ တောင်ယာလုပ်ကိုင်သူရွာသား ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့

၂၀၁၅ သြဂုတ် ၁၈



၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ ည ၇ နာရီချိန်ခန့်တွင် မူဆယ်မြို့နယ်၊ ၁၀၅ မိုင် မိုင်းယုကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ဦးကံချား (ဖခင်)ဦးမန်းဗဟာဒူး၊ ဦးစံထွမ်း (ဖခင်)ဦးမန်ဆိုင်လွဲ တို့သည် ဝေဠုကျေးရွာရှိ ဦးစံထွမ်း၏ပြောင်းစိုက်ခင်းသို့သွားရောက်စဉ် TNLA သောင်းကျန်းသူများမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦး၏ပြောပြချက်အရ  ၄င်းသောင်းကျန်းသူများသည် ၁၀၅ မိုင်၊ နမ့်တောင်း၊ ဟိုခေးတစ်ဝိုက် တွင်နေထိုင်ကြသော သောင်းကျန်းသူများဖြစ်ကြောင်း သိရှိရသည်။  ယခုကဲ့သို့ မထင်ရင် မထင်သလို ၄င်းတို့ငွေကြေးလိုအပ်တိုင်း   တောင်ယာလုပ်ကိုင်သူတောင်သူများထံမှ ဆက်ကြေးလာကောက်လေ့ ရှိသဖြင့်   ဒေသခံရွာသူရွာသားများအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိပြီး ဒေသခံများတရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို လိုလားလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment