Sunday, August 30, 2015

ကျောင်းဆောင်များဆောက်လုပ်ရန် သစ်ကြမ်းများ ခွဲနေသည့် သစ်စက်အား KIA အဖွဲ့မှ ဆက်ကြေးငွေ ကောက်ခံ

၂၀၁၅ သြဂုတ် ၃၁


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအရှေ့တောင်ဘက်ရှိ နန့်စီးအောင်သစ်တောကြိုးဝိုင်း လုပ်ကွက် အမှတ်(၁၉)တွင် အခြေခံပညာ အထက်တန်းကျောင်းခွဲ(ပေကုန်းရွာ) အတွက် ကျောင်းဆောင် များ ဆောက်လုပ်ရာတွင် လိုအပ်သောသစ်ကြမ်းများခွဲနေသည့် သစ်စက်သို့ ဆက်ကြေးငွေကျပ် ၂ သိန်း အား သြဂုတ်လကုန်အပြီးပေးဆောင်ရန် KIA အဖွဲ့မှ သြဂုတ်လ ၂၆ ရက်နေ့တွင် လာရောက်တောင်းခံ သွားကြောင်း သစ်လုပ်သားများထံမှ သိရှိရသည်။

“ကျနော်က ကျောင်းကော်မတီဝင် တစ်ဦးပါ။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲက အခြေခံပညာ အထက်တန်းကျောင်းခွဲ(ပေကုန်းရွာ)အတွက် ကျောင်းသားတွေ ပညာသင်ကြားရာမှာ လိုအပ် တဲ့ကျောင်း ဆောင်တွေ ဆောက်လုပ်ဖို့ သစ်ကြမ်းတွေကို ခွဲနေတာပါ၊ ဒီသစ်စက်ကို KIA အဖွဲ့ တစ်ဖွဲ့ရောက်လာပြီး မင်းတို့ ဘယ်အတွက်ပဲ လုပ်လုပ် ငါတို့တောင်းတဲ့ ဆက်ကြေးကိုတော့ပေးရမှာပဲ၊ မပေးရင်တော့ သစ်စက်ကိုသိမ်းမယ်၊ သစ်လုပ်သားတွေကို ဖမ်းဆီးပြီး လူသစ်အဖြစ် လုပ်ခိုင်း မယ်၊ ပြောတဲ့အတိုင်း လုပ်ပါဆိုပြီး ခြိမ်းခြောက်ပြောဆို သွားပါတယ် ’’ ဟု ကျောင်း ကော်မတီဝင် တစ်ဦးက ပြောပါသည်။

KIA အဖွဲ့သည် သစ်စက်သို့ ဆက်ကြေးများပေးဆောင်ရန် ပြောကြားသွားပြီး နန့်စီးအောင်ကျေးရွာတွင် လည်း ဆက်ကြေးငွေများ ဆက်လက်ကောက်ခံ သွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပြောပြခဲ့ပါသည်။ အဆိုပါအဖွဲ့သည် သစ်စက်လုပ်ငန်းများတွင် ဆက်ကြေးကောက်သည့်အပြင် ကျေးရွာများတွင်လည်း ဆက်ကြေးငွေများ အတင်းအဓမ္မ ကောက်ခံနေခြင်းတို့ကြောင့် ဒေသခံရွာသားများအနေဖြင့် စားဝတ်နေရေး ကြပ်တည်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၎င်းမှဆက်လက်ပြောပြခဲ့ပါသည်။
Credit >>> Shan News

No comments:

Post a Comment