၂၀၁၅ သြဂုတ်လ ၂၁
စိုင်းခွန်စစ်
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်ခွဲ၊ ၀မ်ဆင်းကျေးရွာအုပ်စု၊
ဝမ်ဆင်းကျေးရွာသို့ သြဂုတ်လ ၁၆ ရက်နေ့တွင် RCSS/SSA အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံလူငယ် ၅ ဦးအား မူးယစ်ဆေးဝါး သုံးစွဲသည်ဟု
အကြောင်းပြကာ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ
သိရှိရသည်။
“ ဒီရွာက လူငယ်တွေက မူးယစ်ဆေးဝါးသုံးစွဲဖို့နေနေသာသာ
သူတို့လူသစ်စုလွန်းလို့ ရွာကနေ အခြားနေရာတွေကို ထွက်ပြေးနေကြရတာ၊
မူးယစ်ဆေးဝါးကို ရွာသားတွေက မသုံးစွဲနိုင်ဘူးလေ၊ သူတို့တွေကသာ သုံးစွဲနေကြတာ၊ ပြောင်းပြန်ဖြစ်နေပြီ၊ ဒါကတော့ တမင်အကြောင်းပြပြီး
လူသစ် အတင်းလာစုသွားတယ်လို့ပဲ ပြောရမှာပဲ” ဟု ဒေသခံရွာသားတစ်ဦးမှ
ပြောပါသည်။
RCSS/SSA အဖွဲ့သည် မိုင်းနောင်မြို့နယ်၊ ၀မ်ဆင်းကျေးရွာ
အနီးတစ်ဝိုက်တွင် ခိုအောင်းနေထိုင်လျက်ရှိပြီး ၀မ်ဆင်းကျေးရွာအပြင်
ဝမ်ကျောင်းကျေးရွာ၊ နောင်တောက်ကျေးရွာ၊ ဟိုဟူကျေးရွာနှင့် ကျောင်းတစ်ကျေးရွာ များရှိ အသက် ၁၈ ပြည့်ပြီး လူလတ်ပိုင်းများအားလည်း
စာရင်းကောက်ယူ၍ အတင်းအကြပ် လူသစ် စုဆောင်း လျက်ရှိကြောင်း သိရှိရပါသည်။
RCSS/SSA အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ
အတင်းအကြပ်လူသစ်စုဆောင်း မှုများကြောင့် ဒေသခံတိုင်ရင်းသားများ အနေဖြင့်
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသဖြင့် စိုက်ပျိုးရေး လုပ်ငန်းများတွင်
လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် မိသားစုစားဝတ်နေရေးအတွက်
အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရကြောင်း ၀မ်ဆင်းကျေးရွာသားတစ်ဦးမှ
ဆက်လက်ပြောကြားသွားပါသည်။
စိုင်းခွန်စစ်
Credit >>> Shan News
No comments:
Post a Comment