Monday, August 24, 2015

ကျောက်မဲတွင် လျှပ်တစ်ပျက် ရေကြီး ရေလျှံပြီးနောက် လုပ်ငန်းများ ပြန်လည် လည်ပတ်လျက်ရှိ

၂၀၁၅ သြဂုတ် ၂၄

ကျောက်မဲ သြဂုတ်(၂၃)ရက်
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် သြဂုတ်လ (၂၂)ရက်၊ ညနေ (၈း၀၀)နာရီ အချိန်မှစ၍ နမ့်စောင်းငေါင်း ချောင်းတလျှောက်တွင် လျှပ်တစ်ပျက် ရေကြီးရေလျှံမှု ဖြစ်ပွားရာ အမှတ် (၆)ရပ်ကွက်ရှိ လူနေအိမ်များနှင့် အမှတ်(၅) ရပ်ကွက်ရှိ အမှတ်(၁)၊ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ရေ၀င် နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။


 
 

ယနေ့နံနက်ပိုင်းတွင် ရေပြန်လည် ကျဆင်းခဲ့ပြီး မူလ လုပ်ငန်းများကို ပြန်လည် လုပ်ဆောင် နေကြပြီဖြစ်ပါ သည်။ ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှုမရှိကြောင်းနှင့် ရေပြန်လည် ကျသော နေရာများတွင် အမှိုက်များ ရှင်းလင်းခြင်း၊ အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်းတွင် တင်ကျန်သော နုံးများအား မီးသတ်ယာဉ်ဖြင့် ရှင်းလင်းကြပြီး၊ နေ့လည်ပိုင်းတွင် ခြင်ဆေး ဖြန်း မည် ဖြစ်ကြောင်း သိရှိရပါသည်။
MOI

No comments:

Post a Comment