Tuesday, August 4, 2015

RCSS/SSA အဖွဲ့သည် နောင်ယင်းကျေးရွာအုပ်စုအတွင်း လူသစ်စုဆောင်းမှုများကို အတင်းအကြပ် ပြုလုပ်လာ

၂၀၁၅ သြဂုတ် ၎

Shan News's photo.

RCSS/SSA အဖွဲ့သည် မိုင်းပန်မြို့နယ်၊ နောင်ယင်းကျေးရွာအုပ်စု၊ ပုံကေးကျေးရွာအနီး ကုန်းဟိန်းရွာပျက် သို့ ရောက်ရှိလာပြီး သြဂုတ်လ ၂ ရက်နေ့တွင် အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံ၍ အတင်းအကြပ် လူသစ် တောင်းခံစုဆောင်းမှုကြောင့် ဒေသခံလူငယ်များစိုးရိမ်ထိတ်လန့်သဖြင့် ထွက်ပြေးတိမ်းရှောင်နေ ကြကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

“ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး အရေးတကြီး လူသစ်လာတောင်းတာလို့သိရတယ်၊ တစ်ရွာကို လူသစ် ၇ ယောက်နှုန်းတောင်းတယ်၊ တစ်ပါတည်း ခေါ်သွားမယ်လို့လည်း ကြားတယ်၊ အဲဒီ သတင်းကြားတာနဲ့ ရွာကလူငယ်တွေလည်း ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြတယ် ” ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။

RCSS/SSA အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ၎င်းတို့အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ အား တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ပြီး အစည်းအဝေးတွင် ယခင်တာဝန် ထမ်းဆောင်ခဲ့ဖူးသူများအား အရေးကြီးလျှင် ချက်ချင်းပြန်လည်ခေါ်ဆောင်မည် ဖြစ်ကြောင်းကိုလည်း ခြိမ်းခြောက်ပြောဆို ခဲ့သဖြင့်  ဒေသခံလူငယ်များမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေကြကြောင်း ဒေသခံတစ်ဦးမှ ပြောပါ သည်။

RCSS/SSA အဖွဲ့အနေဖြင့် ဒေသခံရွာသားများအား စစ်သင်တန်းတက်ခိုင်းပြီး အနည်းဆုံး ၅နှစ်စစ်မှု ထမ်းဆောင် ရမည်ဖြစ်ကြောင်း စစ်မှုထမ်းဆောင်စဉ်ကာလအတွင်း ငွေကျပ် ၃ သိန်း ထောက်ပံ့ပေး မည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးနေသော်လည်း ဒေသခံများမှာ ယုံကြည်ခြင်းမရှိဘဲ စိုးရိမ်ထိတ်လန့် ထွက်ပြေးနေကြကြောင်း မိုင်းပန်မြို့ခံတစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။

စိုင်းဇေယျာ
Credit==> Shan News

No comments:

Post a Comment