၂၀၁၅ စက်တင်ဘာ ၁၆
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်၊
ဝမ်ပန်ကျေးရွာအုပ်စု၊ ၀မ်ပန်ကျေးရွာသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် SSPP/ SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ရွာသားများ အား ခေါ်ယူ၍ လူသစ်နှင့် ဆက်ကြေးငွေများ
အတင်းအကြပ်တောင်းခံ သွားကြောင်း ယင်းဒေသခံရွာသား များ ထံမှသိရသည်။
ကျွန်တော်တို့ရွာကို “ SSPP/ SSA အဖွဲ့တစ်ဖွဲ့ စက်တင်ဘာ
၉ ရက်နေ့ မနက် ၅ နာရီလောက်ရောက်လာပြီး တစ်ရွာလုံးမှာရှိတဲ့ လူတွေ ကိုခေါ်ခိုင်းတယ်၊
ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ရွာမှာရှိတဲ့ ကျား/မ အိမ်ထောင်စု စာရင်းကိုတောင်းပြီး
ဒီရွာက လူသစ်အဖြစ် ၁၀ ဦးနဲ့ ဆီ ၅ ပိဿာ ငွေက ၅ သိန်း တောင်းသွား တယ် ” ဟု အမည်မဖော်လိုသူ
ရွာသား တစ်ဦးမှ ပြောပါသည်။
SSPP/SSA အဖွဲ့သည် ရှမ်းပြည်လူထု တန်းတူညီမျှရေး မူဝါဒ ချမှတ်ထား
သည်ဟု ပြောနေသော်လည်း ယခုလက်ရှိအခြေအနေမှာ ရှမ်းပြည်နယ် အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုး
အားလုံးအနေဖြင့် ယင်းအဖွဲ့၏ အတင်းအဓမ္မလူသစ်စု၊ ဆက်ကြေးကောက်သည့် ဒဏ်ကိုသာ ခံစားနေရကြောင်း
ဝမ်ပန်ကျေးရွာသား တစ်ဦးကလည်း ပြောပါသည်။
SSPP/ SSA အဖွဲ့ဟာ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့ပုံစံဗန်းပြပြီး
နောက်ကွယ်မှာ လူသစ်အတင်းအဓမ္မ စုခြင်း၊ ဆက်ကြေး အဓမ္မကောက်ခြင်းနှင့် ရိက္ခာတွေကိုအရင်ကထက်
ပိုမိုတောင်းခံနေခြင်း တို့ကြောင့်၊ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ရှိတဲ့တိုင်းရင်းသားတွေရဲ့
ဘ၀တွေနိမ့်ကျပြီး ရှမ်းပြည်နယ်ကြီး တိုးတက်ရေး အတွက် နှောင့်နှေးစေတယ်ဟု မိုင်းနောင်မြို့ခံ
တစ်ဦးမှ ပြောပြသွားပါသည်။
စိုင်းသီဟ
Credit >>> Shan News
No comments:
Post a Comment