၂၀၁၅ စက်တင်ဘာ ၃
ယခုရက်ပိုင်းအတွင်း မူဆယ်မြို့ပေါ်ရှိ
ဘဏ်များ၊ ကားဂိတ်များနှင့် စက်သုံးဆီအရောင်း ဆိုင်များထံသို့ KIA တပ်မဟာ(၄)မှ ဆက်ကြေးတောင်းခံစာများ၊ ခြိမ်းခြောက်စာများပေးပို့၍ မြို့ပေါ်နေ ပြည်သူ လူထုအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပြုလုပ်နေကြောင်း သိရှိရပါသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင်လည်း မူဆယ်မြို့ငါးရှဥ့်ဒိုင်ကိုလည်း ၄င်းတို့နှင့်လာရောက်
တွေ့ဆုံရန် စာတစ်စောင်ပို့ခဲ့ကြောင်း၊ ငါးရှဥ့်ဒိုင်နှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရပါသည်။
ယခုကဲ့သို့ KIA သောင်းကျန်းသူများ ဆက်ကြေးကောက်၊ ဓားပြတိုက်နေသည်ကို
မီဒီယာများမှ မသိ ကျိုးကျွံ ပြုနေခြင်းသည် ပြည်သူများအပေါ်တွင် သစ္စာမဲ့ရာရောက်နေကြောင်း
အလုပ်သမားတစ်ဦး ၏ ပြောကြားချက်အရ သိရှိရပါသည်။
No comments:
Post a Comment