Thursday, September 17, 2015

မိုးညှင်းမြို့နယ် (ဒေသအခေါ်) ၀ါလာဆားကျင်းမှော်အနီးတွင် ဒေသခံ(၂)ဦး KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာမှ (၁)ဦးသေ

၂၀၁၅ စက်တင်ဘာ ၁၇ 


၂၀၁၅ ခုနှစ် စက်တင်ဘာ(၁၄)ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဦးဝင်းဗိုလ်(၅၀)နှစ်၊ ဦးသောင်းမြင့် (၄၁)နှစ်နှင့် ဦးအောင်ဆန်း(၄၂)နှစ်တို့သည် မိုးညှင်းမြို့နယ် နမ္မချီမှော်မှ ၈၈ ကျောက်မျက်ရတနာကုမ္ပဏီ အနီး (ဒေသအခေါ်) ၀ါလာဆားကျင်းမှော်သို့  ရေမဆေးကျောက်  ရှာဖွေရန်  သွားရောက်စဉ် ၀ါလာဆားကျင်းမှော်အနီး တောစပ်၌ KIA ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့ပါသည်။

 

၎င်းဖြစ်စဉ်တွင် ရှေ့ဆုံးမှသွားသော ဦးဝင်းဗိုလ်မှ နင်းမိပေါက်ကွဲပြီး အခင်းဖြစ်ပွားရာနေရာ တွင်ပင် သေဆုံးသွားခဲ့ပြီး ဦးဝင်းဗိုလ်၏နောက်မှ လိုက်လာသူ ဦးသောင်းမြင့်မှာ မိုင်းစများ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဦးအောင်ဆန်းမှာမှု ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း၊ ၎င်းတို့ (၂)ဦးအား မိုးညှင်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း ဆက်လက်သိရှိရပါသည်။

Kachin People
Htar Nay

No comments:

Post a Comment