Thursday, September 24, 2015

မခံစားနိုင်တဲ့ ရွာသားတစ်ဦး၏ ရင်ဖွင့်ချက်များ


၂၀၁၅ စက်တင်ဘာ ၂၄




ဟိုတစ်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၅ နာရီလောက်ဘဲ မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်ကို ဆင်းလာတဲ့ စစ်ကား ၁၀ စီး ကောင်းဝှက်ရွာအ၀င်မှာဘဲ  KIA/တအာင်းလက်နက်ကိုင်တဲ့အဖွဲ့တွေက မိုင်းနဲ့တိုက်တယ်.. စစ်ကား ၁၀ စီး မိုင်းဆွဲခံရတာပေါ့ ရွာနားမှာ စစ်တပ်နဲ့KIA/တအာင်းလက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲဖြစ်တယ်..  ၁၅ မိနစ်လောက်ကြာမယ်ထင်တယ်..ပစ်ခတ်သံတွေ ဆူညံနေတယ်. ကျည်ဆံတွေ ရွာနားကို ကျတာပေါ့၊ ရွာထဲကိုတော့ကျတာ မတွေ့ရပါဘူး. ရွာအစွန်ပြောင်းခင်းလောက်ပါ ဘဲ... ပြောင်းခင်း တောအစပ်လောက်မှာပဲဖြစ်တာ..   ဟိုဘက်ကပစ်လိုက်   ဒီဘက်ကပစ်လိုက်နဲ့ပေါ့ နည်းနည်းလောက် ကြာသွားတော့ ပစ်ခတ်သံ တွေရပ်သွားတယ်လေ..

KIA/တအာင်းအဖွဲ့တွေ ပြောင်းခင်း၊ ယာခင်းတွေထဲ ပြေးဝင်တဲ့သူရှိတယ်.. ရွာဘက်ပြေးလာတဲ့သူလည်း ရှိတယ်..ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ဖြစ်ကုန်တာပေါ့.. ရွာထဲမှာရှိနေတဲ့ တအာင်းလက်နက်ကိုင် ၇ ဦးခန့် တားအိုက်ပေါင် အိမ်အပေါ်နဲ့အိမ်ဘေးနားမှ ခြေရှုပ်နေတာကိုလည်း တွေ့ခဲ့ရတယ်လေ ကျွန်တော်တို့ ရွာသားတွေလည်း ပြေးသူတွေက အများကြီးပဲ ပြေးကြတယ်လေ..ပုန်းသူကပုန်းတယ်၊ စိတ်ဆင်းရဲ ရတယ်လေ ဒုက္ခတွေ ရောက်ကျတယ်ပေါ့.. ခဏကြာတော့ စစ်သားတွေ ထွက်ပြေးသွားတဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ နောက်ကို လိုက်ပစ်တာ တွေ့နေရတယ်။

ရွာထဲလည်းဝင်လာပြီး ဘုန်းကြီးကျောင်းနား ဖြတ်ပြေးသွားတဲ့ တအာင်း  ၇ ဦးလောက် နောက်ကို လိုက်ပစ်ပြီး ဘုန်းကြီးကျောင်းထဲ ၀င်ပြီး လိုက်ရှာတယ်လို့  ကိုယ်ရင်လေးက ပြောလို့သိရတယ်။  မကြာပါဘူး စစ်သားတွေ ရွာထဲက ပြန်ထွက်သွားပြီး စစ်ကားတွေကလည်း ကွတ်ခိုင်ဘက်ကို ဆက်ဆင်းသွားတယ်.. ဘယ်သူတွေ ဒဏ်ရာတွေရတယ် ဆိုတာတော့မသိပါဘူး.

ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့ရွာမှာ ဟိုအဖွဲ့ကလိုလို၊ ဒီအဖွဲ့ကလိုလိုနဲ့ ပါတီအဖွဲ့က လိုလို ရွာမှာ အများကြီးရှိတယ်လေ.. တိုက်ပွဲတွေဖြစ်ပြီဆိုတာနဲ့ စစ်သားတွေကို  မကောင်းတာ အပုတ်ချချင်သူတွေက အမျိုးမျိုး ပြောကြတယ်လေ.. ရွာနားမှာကျတဲ့ ကျည်ဆံတွေ ဗုံးဆံတွေကျတယ်.. ရွာမှရှိတဲ့အရက်ဆိုင်တွေမှ အရက်သောက် မူးရူးပြီး တွေ့ကရာနဲ့ ကောက်ပေါက်ထားလို့ ကွဲထားတဲ့ အိမ်ကဘီရိုတွေ၊ အိမ်ခေါင်းမိုးအပေါက်တွေ ၊ အိမ်တွေကရှိသမျှ အပေါက်တွေ၊ အစုတ်အပြတ်တွေ ကို ပေါင်းပြီး ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ မြို့တက်ပြီး အင်တာနက် တွေမှာတင်တယ်.. 

သတင်းသမားတွေကို ပေးတယ်လေ..  စစ်တပ်က စစ်သားတွေ ရွာထဲကိုလက်နက်ကြီးနဲ့ပစ်တယ်၊ စစ်သားတွေက ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတွေ ဗုံးစထိတယ်၊ ရွာသားတွေကို ရိုက်နှက် ဖမ်းဆီးတယ်၊ ငွေတောင်းတယ်၊ ကြက်ခိုးစားတယ်လို့ အများကြီးပဲ အမျိုးမျိုးပဲ စစ်သားတွေအပေါ် အပုတ်ချတယ်.. ခုကျတော့ ဖုန်းကိုင်နဲ့လူကများ ဖုန်းတွေထဲမှာလည်း အင်တာနက်ရှိတယ် ဆိုတော့ မှန်တာမှားတာ ဘေးဖယ်ထား…..ဦးအောင် အော်နိုင်တဲ့သူက အမှန်ဘဲလေ.. 

အဲဒါကို ဖြစ်ကြောင်းကုန်စင်ကို အားလုံးမသိတဲ့ ကျွန်တော်တို့လို ရိုးသားတဲ့ဒေသခံတိုင်းရင်းသားတွေ၊ ဗဟုသုတ နည်းပါးတဲ့ ပြည်သူတွေက ယုံကြတယ်.. ရှင်းရှင်းပြောရရင် ရိုးသားတဲ့ တိုင်းရင်းသားတွေ ၊ ပြည်သူတွေရဲ့ စိတ်ထဲမှာ စစ်သားတွေအပေါ် အထင်လွဲလာအောင်၊ အမုန်းပွားလာအောင် အမျိုးမျိုးဘဲ တစ်မျိုးပြီးတစ်မျိုးပြောကြတယ်လေ… နောက်ဆုံး ပြောရရင် နှစ်ပေါင်းများစွာ ရွာတွေကို အနိုင်ကျင့်နေတဲ့ KIAတွေ တအာင်းလက်နက်ကိုင်အဖွဲ့တွေ ကျွန်တော်တို့ရွာနားမှ မရှိစေချင်ဘူး…. 

သူတို့ရှိနေရင် ကျွန်တ်ေတို့ ရွာသားများ မပျော်ဘူး.. အိမ်မှာရှိနေတဲ့ ယောက်ျားသားတွေ ပုန်းနေရတယ်.. သူတို့တွေ အမြဲတမ်း အရက်မူးတယ် သေနတ်တွေနဲ့ ပစ်သတ်မယ်လိုပဲ ခြိမ်းခြောက် ပြောတာကို ခံနေရပါတယ်.. အဲဒီနေ့ ညနေက တိုက်ပွဲဖြစ်တယ်.. အစိုးရစစ်သားတွေ ဘုန်းကြီးကျောင်းဝင်းထဲ ၀င်ရောက်သည်ကိုသာ သိရှိရပြီး ရွာထဲက အိမ်တွေကို ၀င်ရောက်တာ မတွေ့ရပါဘူး.. ရွာထဲကို လက်နက်ကြီး ကျည်ကျတယ်ဆိုတာလည်းမရှိဘူး၊ ဘယ်ရွာသူ၊ရွာသား ကိုမှလည်း ကျည်ဆံရော ၊ ဗုံးဆံရော မထိပါဘူး။

တချို့ တအာင်းလက်နက်ကိုင်အဖွဲ့တွေ ရွာအပြင်မှာ တိုက်ပွဲဖြစ်နေတဲ့အခါ ရွာသားများမရှိတဲ့အခါ အိမ်တွေဝင်ရောက်ရှာဖွေတယ်လေ ပြောရင် မူးယစ်ဆေးဝါးကိုပဲ အကြောင်းပြတယ်လေ အဖြစ်မှန်ကို မည်သူမှလည်း မပြောရဲပါဘူး ကျွန်တော်တို့ ရိုးသားတဲ့ ရွာသားတွေအနေဖြင့် ကြောက်နေကျ ရပါတယ်.. စိတ်ထဲတွင် မခံစားနိုင်လွန်းလိုခုလို့ အရဲစွန့်၍ ဖြစ်စဉ်အမှန်အတိုင်း ပြောပြတာပါ……

ကောင်းဝှက်ရွာသားတစ်ဦး

No comments:

Post a Comment