၂၀၁၅ စက်တင်ဘာ ၃၀
၂၀၁၅ခုနှစ်
စက်တင်ဘာလ ၁၅ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးတာဝန်ခံမှ မူဆယ်မြို့နယ်၊ လုံခန်ရွာ အနီး တောင်ကုန်းပေါ်ရှိ
မိုက္ကရိုဝေ့ဆက်သွယ်ရေးစခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ စခန်းတွင် တာဝန်ကျနေသော ဦးစိန်မြင့်(စက်မှုကျွမ်းကျင်)၊
ဟိုမွန်ရပ်ကွက်၊ မူဆယ်မြို့နေသူအား မတွေ့ရှိရသဖြင့် ဦးစိန်မြင့်ကိုင်ဆောင်သည့် ဖုန်း၂လုံးအား
ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိခြင်းကြောင့် မူဆယ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပါသည်။
ဒေသခံရွာသားများ၏
ပြောပြချက်အရ ဆက်သွယ်ရေးတာဝါတိုင် စခန်းအတွင်း၌ ဓာတ်ဆီလောင်း၍ မီးရှို့ ထားသည်ကို တွေ့ရှိရကြောင်း၊
ထိုသို့ ဆက်သွယ်ရေးစခန်းအားမီးရှို့ခြင်းကြောင့် လုံခန်တာဝါတိုင်၌ power ပျက်တောက်ခဲ့သဖြင့်
နမ့်ခမ်းမြို့နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့တွင် တယ်လီဖုန်းလိုင်းများ ပျက်တောက်လျက် ရှိကြောင်း
သိရှိရပါသည်။
နယ်မြေခံရဲတပ်ဖွဲ့၊
နယ်မြေခံတပ်ရင်းနှင့် တာဝန်ရှိသူတို့မှ ဆက်လက်ရှာဖွေခဲ့ရာ စက်တင်ဘာလ ၂၈ရက်နေ့တွင် လုံခန်ရွာအနီး
မိုက္ကရိုဝေ့ဆက်သွယ်ရေး စခန်းအနီးတွင် ဦးစိန်မြင့်အား ရင်ညွန့်နှင့် ၀မ်းဗိုက်တွင်
သေနတ်ဒဏ်ရာများ၊ ဦးခေါင်းခွံကွဲကျေ ဒဏ်ရာများ ရရှိကာ ဒူးထောက်လျက် ရုပ်ပျက် ဆင်းပျက်
ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ဦးစိန်မြင့် ၀တ်ဆင်ထားသော နာရီနှင့်
လက်ဝတ်ရတနာများကိုလည်း ဖြုတ်ယူသွားကြောင်း သိရှိရသည်။
ကေအိုင်အေသောင်းကျန်းသူအဖွဲ့မှ
မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်းအား လက်နက်အားကိုးဖြင့် အတင်း အကြပ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး
မတရား နှိပ်စက်ညှင်းပန်းကာ သတ်ဖြတ်ခဲ့ခြင်းကြောင့် ရှမ်းမြောက်ဒေသအတွင်းရှိ ဆက်သွယ်ရေး
ဝန်ထမ်းများမှ KIA အကြမ်းဖက်သောင်းကျန်းသူများ၏ ဥပဒေမဲ့လုပ်ရပ်အား ဆန့်ကျင့်ကန့်ကွက်ကြောင်း
ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
Lashio Thar
Lashio Thar
No comments:
Post a Comment